ကမာၻ႔အရွည္ဆံုး ေကဘယ္ ကားလမ္းေၾကာင္းအျဖစ္ ဘိုလီဗီးယား ဂင္းနစ္စံခ်ိန္တင္

0
2123

ဘိုလီဗီးယားႏိုင္ငံရွိ လာပက္ဇ္နဲ႔ အယ္လ္ အာတိုၿမိဳ႕ ႏွစ္ၿမိဳ႕ကို ဆက္သြယ္ထားတဲ့ ေကဘယ္ကား လမ္းေၾကာင္းဟာ ကမာၻ႔အရွည္ဆံုး ေကဘယ္ကားလမ္းေၾကာင္းအျဖစ္ ဂင္းနစ္စံခ်ိန္ ဝင္သြားခဲ့ပါတယ္။

My Cable Car ကုမၸဏီက ၂၀၁၄ ခုႏွစ္တုန္းက စတင္ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အျမင့္ ၁၁၈၁၁ ေပကေန ၁၃၁၂၃ ေပအထိ ရွိၿပီး ၁၉ မိုင္ရွည္တဲ့ လမ္းေၾကာင္းကုိ ဆက္သြယ္ထားတာ ျဖစ္ပါတယ္။ လ်ွပ္စစ္ေကဘယ္ကားေတြမွာ ဝိုင္ဖိုင္စနစ္ ထည့္သြင္းထားၿပီး စီးနင္းရင္း အင္းဒိစ္ ေတာင္တန္းတစ္ေလွ်ာက္ ျမင္ကြင္းေတြကို ၾကည့္႐ႈႏိုင္ပါတယ္။

ကိုလံဘီယာႏိုင္ငံ၊ မက္ဒဲလင္းလိုၿမိဳကမွာ လွ်ပ္စစ္ေကဘယ္ ကားလိုင္းေတြ ရွိေပမယ့္ အခုကားလမ္းေၾကာင္းေလာက္ မရွည္ၾကပါဘူး။ လွ်ပ္စစ္ေကဘယ္ ကားလမ္းေၾကာင္းကေန တစ္ေန႔ကို ခရီးသည္ ၁၅၉၀၀ အသံုးျပဳႏိုင္မွာ ျဖစ္ၿပီး ရပ္နားတဲ့ မွတ္တိုင္ေတြ အျပည့္အစံု ေဆာက္ၿပီးသြားရင္ ခရီးသည္ ၃ သိန္းအထိ ပို႔ေဆာင္ႏိုင္ဖို႔ ရည္မွန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့အရှည်ဆုံး ကေဘယ် ကားလမ်းကြောင်းအဖြစ် ဘိုလီဗီးယား ဂင်းနစ်စံချိန်တင်

ဘိုလီဗီးယားနိုင်ငံရှိ လာပက်ဇ်နဲ့ အယ်လ် အာတိုမြို့ နှစ်မြို့ကို ဆက်သွယ်ထားတဲ့ ကေဘယ်ကား လမ်းကြောင်းဟာ ကမ္ဘာ့အရှည်ဆုံး ကေဘယ်ကားလမ်းကြောင်းအဖြစ် ဂင်းနစ်စံချိန် ဝင်သွားခဲ့ပါတယ်။

My Cable Car ကုမ္ပဏီက ၂၀၁၄ ခုနှစ်တုန်းက စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး အမြင့် ၁၁၈၁၁ ပေကနေ ၁၃၁၂၃ ပေအထိ ရှိပြီး ၁၉ မိုင်ရှည်တဲ့ လမ်းကြောင်းကို ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ လျှပ်စစ်ကေဘယ်ကားတွေမှာ ဝိုင်ဖိုင်စနစ် ထည့်သွင်းထားပြီး စီးနင်းရင်း အင်းဒိစ် တောင်တန်းတစ်လျှောက် မြင်ကွင်းတွေကို ကြည့်ရှုနိုင်ပါတယ်။

ကိုလံဘီယာနိုင်ငံ၊ မက်ဒဲလင်းလိုမြိုကမှာ လျှပ်စစ်ကေဘယ် ကားလိုင်းတွေ ရှိပေမယ့် အခုကားလမ်းကြောင်းလောက် မရှည်ကြပါဘူး။ လျှပ်စစ်ကေဘယ် ကားလမ်းကြောင်းကနေ တစ်နေ့ကို ခရီးသည် ၁၅၉၀ဝ အသုံးပြုနိုင်မှာ ဖြစ်ပြီး ရပ်နားတဲ့ မှတ်တိုင်တွေ အပြည့်အစုံ ဆောက်ပြီးသွားရင် ခရီးသည် ၃ သိန်းအထိ ပို့ဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)