ကနေဒါမှာ ဗလီကို လက်နက်ကိုင်သုံးဦး ဝင်တိုက်ခိုက်လို့ လူခြောက်ဦး သေဆုံး

0
293

ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က ဗလီဝတ်ကျောင်းတစ်ခုမှာ ညဘက် ဝတ်ပြုဆုတောင်းနေချိန် သေနတ်ကိုင်ဆောင်ထားသူတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကတော့ ဒီဖြစ်ရပ်ဟာ “မွတ်ဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု”ပဲလို့ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကတော့ သံသယတရားခံနှစ်ဦးကို ဖမ်းဆီးထားတာဆိုတာကလွဲပြီး တခြားအသေးစိတ်အချက်အလက်တွေ မထုတ်ပြန်သေးဘဲ စတင် စုံစမ်းစစ်ဆေးနေပြီလို့သာ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာဟာ ကွီဘက်မြို့တော် အစ္စလာမ်ယဉ်ကျေးမှုစင်တာဖြစ်ပြီး အဲဒီ ဗလီဝတ်ကျောင်း အဆောက်အအုံထဲမှာ လူ ၄၀ လောက် ရှိနေခဲ့တာပါ။ မျက်မြင်သက်သေတစ်ဦးကတော့ လက်နက်ကိုင်သုံးယောက်က ဗလီကိုသုံးယောက်ခဲ့တာလို့လည်း ပြောပါတယ်။ ခုဖြစ်ရပ်ကြောင့် သေဆုံးခဲ့သူခြောက်ဦးမှာ တစ်ဦးက ဗလီရဲ့အကြီးအကဲလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းထားတာကြောင့် အစုလိုက် သတ်ဖြတ်ခံရမှုတေ သိပ်ဖြစ်လေ့ မရှိပါဘူး။ ခု ဗလီတိုက်ခိုက်ခံရမှု ဖြစ်ပွားတဲ့ ပြည်နယ်ဟာ ကနေဒါမှာ ပြင်သစ်စကားပြောသူအများစု နေထိုင်တဲ့ ပြည်နယ်တစ်ခုပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)