ပျောက်ဆုံးသွားတဲ့ မလေးရှား မော်တော်ဘုတ်ပေါ်က ခရီးသည် ၂၅ ဦး ပြန်တွေ့ရှိ

0
257

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က မလေးရှားနိုင်ငံ ရေပြင်မှာ ပျောက်ဆုံးသွားတဲ့ မော်တော်ဘုတ်ပေါ်က ခရီးသည်ပေါင်း (၂၅) ဦးကို ပြန်လည်ကယ်ဆယ် နိုင်ခဲ့ပါတယ်။

အဲဒီပျောက်ဆုံးသွားတဲ့သူတွေဟာ သူတို့စီးလာတဲ့ မော်တော်ဘုတ်နှစ်မြုပ်မှုကြောင့် ရေပြင်ထဲမှာတစ်ရက်နီးပါး မျောနေခဲ့ကြပါတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီမော်တော်ဘုတ်ပေါ်မှာ လိုက်ပါသွားသူအားလုံး (၃၁) ဦးတိတိရှိပြီး မော်တော်ဘုတ်ကတော့ နစ်မြုပ်သွားခဲ့ပါတယ်။

အခုချိန်ထိ (၆) ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အခုကယ်ဆယ်ခဲ့ရတဲ့ ခရီးသည်တွေထဲမှာ (၂၃) ဦးဟာ တရုတ်လူမျိုးခရီးသွားတွေပါ။ မလေးရှားရေကြောင်း အာဏာပိုင်တွေကလည်း ပျောက်ဆုံးနေတဲ့ ခရီးသွားတွေကို တောင်တရုတ်ပင်လယ်တစ်ဝိုက် မှာ ရေမိုင်ဧရိယာ (၄၀၀) ကိုဖြန့်ကျက်ပြီး ဆက်လက်ရှာဖွေ နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)