မယ်စကြ၀ဠာဆုကို ပြင်သစ်နိုင်ငံ အလှမယ် ဆွတ်ခူး

0
338

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ်ရဲ့ မယ်စကြ၀ဠာ ရွေးပွဲမှာ ပြင်သစ်နိုင်ငံ ကိုယ်စားပြုအလှမယ်က သရဖူဆု
ဆွတ်ခူးရရှိခဲ့ပါတယ်။

အိုင်းရစ်စ်မီးတာနဲ လို့ခေါ်တဲ့ လက်ရှိ Miss Universe ဆုရှင်ဟာ အသက် (၂၃) နှစ်အရွယ်ရှိပြီဖြစ်ပြီး ပြင်သစ်နိုင်ငံ တောင်ပိုင်းက လီလီ လို့ခေါ်တဲ့မြို့မှာနေထိုင်သူ ဖြစ်ပါတယ်။ First Runner ဆုကိုတော့ ဟေတီအလှမယ် ရေကွဲပယ်လီစီရာ ကရရှိခဲ့ပြီး Second Runner Up ဆုကိုတော့ ကိုလံဘီယာအလှမယ် အန်ဒရီးယားတိုဗာ က ရရှိခဲ့ပါတယ်။

အင်တာနက်ကနေ ပရိသတ်တွေ အနှစ်သက်ဆုံး အလှမယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာကတော့ အသက်(၂၁) နှစ် အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းအလှမယ် နောင်နမ်တန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် ထက်ထက်ထွန်း ကတော့ အကောင်းဆုံးရိုးရာ
ဝတ်စုံဆုကို ရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)