ထီဆုေၾကးေငြ ရဖုိ႔ DNA စစ္ေဆးခံေနရတဲ့ ထုိင္းေက်ာင္းဆရာ

0
349

ထိုင္းႏိုင္ငံက ေက်ာင္းဆရာတစ္ဦးဟာ အေမရိကန္ေဒၚလာ ၁ သန္းနီးပါး တန္ေၾကးရွိတဲ့ ထီလက္မွတ္ ဆုေၾကးေငြအတြက္ DNA စစ္ေဆးခံေနရပါတယ္။

ပရီခ်ာ က႐ိုင္ကရြန္ အမည္ရွိ ေက်ာင္းဆရာတစ္ဦးဟာ အရင္လက ထီ ၅ ေစာင္ထိုးခဲ့ၿပီး ေဒၚလာ ၁ သန္းနီးပါး ထီေပါက္ခဲ့ေပမယ့္ သူ႔ရဲ႕ ထီလက္မွတ္ေတြ ေပ်ာက္ဆံုးသြားခဲ့တယ္လို႔ ဆုိပါတယ္။ ထုိင္း အာဏာပုိင္ေတြက ထီဆုေၾကးေငြ အေမရိကန္ေဒၚလာ ၉၂၀၀၀၀ ကိုေတာ့ ကန္ခ်ာနဘူရီ ေဒသက ရဲအရာရွိေဟာင္း တစ္ဦးက ထုတ္ယူသြားခဲ့တယ္ ဆိုတာ ေတြ႔ရွိရပါတယ္။

အဲဒီ ထီဆုေၾကးေငြကို ထုတ္ယူသြားခဲ့တဲ့ ရဲအရာရွိေဟာင္းက ထီလက္မွတ္ေတြဟာ သူပိုင္ဆိုင္တဲ့ လက္မွတ္ေတြျဖစ္ၿပီး ေက်ာင္းဆရာ ေပ်ာက္ဆံုးသြားတဲ့ လက္မွတ္ေတြ မဟုတ္ဘူးလို႔ ျငင္းဆိုပါတယ္။ အဲဒါေၾကာင့္ အာဏာပိုင္ေတြက ထီလက္မွတ္ေပၚက လက္ေဗြရာေတြနဲ႔ DNA ကို စစ္ေဆးထားၿပီး ပိုင္ရွင္က ဘယ္သူဘယ္ဝါ ျဖစ္တယ္ဆိုတာ ခြဲျခားေပးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။
………………. ။ ။ …………………

ထီဆုကြေးငွေ ရဖို့ DNA စစ်ဆေးခံနေရတဲ့ ထိုင်းကျောင်းဆရာ

ထိုင်းနိုင်ငံက ကျောင်းဆရာတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ကြေးရှိတဲ့ ထီလက်မှတ် ဆုကြေးငွေအတွက် DNA စစ်ဆေးခံနေရပါတယ်။

ပရီချာ ကရိုင်ကရွန် အမည်ရှိ ကျောင်းဆရာတစ်ဦးဟာ အရင်လက ထီ ၅ စောင်ထိုးခဲ့ပြီး ဒေါ်လာ ၁ သန်းနီးပါး ထီပေါက်ခဲ့ပေမယ့် သူ့ရဲ့ ထီလက်မှတ်တွေ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်း အာဏာပိုင်တွေက ထီဆုကြေးငွေ အမေရိကန်ဒေါ်လာ ၉၂၀ဝ၀ဝ ကိုတော့ ကန်ချာနဘူရီ ဒေသက ရဲအရာရှိဟောင်း တစ်ဦးက ထုတ်ယူသွားခဲ့တယ် ဆိုတာ တွေ့ရှိရပါတယ်။

အဲဒီ ထီဆုကြေးငွေကို ထုတ်ယူသွားခဲ့တဲ့ ရဲအရာရှိဟောင်းက ထီလက်မှတ်တွေဟာ သူပိုင်ဆိုင်တဲ့ လက်မှတ်တွေဖြစ်ပြီး ကျောင်းဆရာ ပျောက်ဆုံးသွားတဲ့ လက်မှတ်တွေ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ အဲဒါကြောင့် အာဏာပိုင်တွေက ထီလက်မှတ်ပေါ်က လက်ဗွေရာတွေနဲ့ DNA ကို စစ်ဆေးထားပြီး ပိုင်ရှင်က ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ခွဲခြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)