လိင္ေက်းကၽြန္ သေဘာတူညီခ်က္ကို ျပန္ေဆြးေႏြးမွာ မဟုတ္လို႔ ဂ်ပန္ေျပာ

0
438

ဂ်ပန္အစိုးရက လိင္ေက်းကၽြန္ ျပဳခံရသူေတြနဲ႔ ပတ္သက္လုိ႔ ျပန္လည္ ေဆြးေႏြးဖုိ႔ ေတာင္ကိုရီးယား သမၼတ  မြန္ေဂ်အင္းက ေတာင္းဆုိခဲ့မယ္ ဆိုရင္ေတာင္ လိင္ေက်းကၽြန္ ျပႆနာကို ေျဖရွင္းဖုိ႔ ရရွိထားတဲ့ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ကို ျပန္လည္ေဆြးေႏြးမွာ မဟုတ္ဘူးလုိ႔ ေျပာပါတယ္။  

ေတာင္ကိုရီးယား သမၼတ မြန္ေဂ်အင္းက ဒုတိယ ကမာၻစစ္ ကာလအတြင္း လိင္ေက်းကၽြန္ျပဳခံရတဲ့ ေတာင္ကိုရီးယား အမ်ိဳးသမီးေတြနဲ႔ ပတ္သက္လို႔  ဂ်ပန္ႏုိင္ငံနဲ႔ ရယူႏုိင္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ဟာ အက္ေၾကာင္းေတြကို ျဖစ္ေစႏိုင္တယ္လို႔ ဒီဇင္ဘာ ၂၈ ရက္ေန႔က ေျပာခဲ့ပါတယ္။  

ေတာင္ကိုရီးယား စံုစမ္းေရးအဖြဲ႔ တစ္ဖြဲ႔က ၂၀၁၅ ခုႏွစ္ သေဘာတူညီမႈဟာ စစ္ကာလအတြင္း ဂ်ပန္ စစ္စခန္းေတြမွာ လိင္ေက်းကၽြန္ျပဳခံရတဲ့ ေထာင္ခ်ီတဲ့ ေတာင္ကိုရီးယား အမ်ိဳးသမီးေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏုိင္မႈ မရွိဘူးလို႔ ဆိုထားပါတယ္။ ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ထဲမွာ ဂ်ပန္ႏုိင္ငံက လိင္ေက်းကၽြန္ျပဳခံရတဲ့ အမ်ိဳးသမီးေတြ ျပန္လည္ ထူေထာင္ေရးအတြက္ အေမရိကန္ေဒၚလာ ၆ ဒသမ ၆ သန္း ကူညီေထာက္ပံေပးမယ္လို႔ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ကျေးကျွန် သဘောတူညီချက်ကို ပြန်ဆွေးနွေးမှာ မဟုတ်လို့ ဂျပန်ပြော

ဂျပန်အစိုးရက လိင်ကျေးကျွန် ပြုခံရသူတွေနဲ့ ပတ်သက်လို့ ပြန်လည် ဆွေးနွေးဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက တောင်းဆိုခဲ့မယ် ဆိုရင်တောင် လိင်ကျေးကျွန် ပြဿနာကို ဖြေရှင်းဖို့ ရရှိထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို ပြန်လည်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ဒုတိယ ကမ္ဘာစစ် ကာလအတွင်း လိင်ကျေးကျွန်ပြုခံရတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ ရယူနိုင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ဟာ အက်ကြောင်းတွေကို ဖြစ်စေနိုင်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့က ပြောခဲ့ပါတယ်။

တောင်ကိုရီးယား စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့က ၂၀၁၅ ခုနှစ် သဘောတူညီမှုဟာ စစ်ကာလအတွင်း ဂျပန် စစ်စခန်းတွေမှာ လိင်ကျေးကျွန်ပြုခံရတဲ့ ထောင်ချီတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှု မရှိဘူးလို့ ဆိုထားပါတယ်။ ၂၀၁၅ ခုနှစ် သဘောတူညီချက်ထဲမှာ ဂျပန်နိုင်ငံက လိင်ကျေးကျွန်ပြုခံရတဲ့ အမျိုးသမီးတွေ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ သန်း ကူညီထောက်ပံပေးမယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)