ေပ်ာက္ဆံုးေနတဲ့ မေလးရွား MH 370 ေလယာဥ္ အပုိင္းအစေတြ ရွာေတြ႔လို႔ ဆုိ

0
665

၂၀၁၄ ခုႏွစ္က ေပ်ာက္ဆံုးသြားတဲ့ မေလးရွား ေလေၾကာင္းလုိင္းက MH 370 ေလယာဥ္ေပၚမွာ လုိက္ပါသြားသူေတြရဲ႕ အမ်ိဳးေတြက ေလယာဥ္အပ်က္စီး အပုိင္းအစေတြကို ရွာေတြ႔ထားေၾကာင္း ေျပာပါတယ္။

အခုသီတင္းပတ္ အတြင္းမွာပဲ ေတြ႔ရွိထားတဲ့ ေလယာဥ္ အပ်က္စီးအပုိင္းအစေတြကို မေလးရွား အစိုးရထံ လႊဲေျပာင္းေပးအပ္ဖို႔ ရွိေနပါတယ္။ မေလးရွားေလေၾကာင္းလုိင္းက ေလယာဥ္ဟာ ၂၀၁၄ ခုႏွစ္ မတ္လ ၈ ရက္ေန႔က ကြာလာလမ္ပူကေန ေဘဂ်င္းၿမိဳ႕ကို ပ်ံသန္းသြားခ်ိန္မွာ ေပ်ာက္ဆံုးသြားခဲ့ၿပီး ေလယာဥ္ေပၚမွာ လူေပါင္း ၂၃၉ ဦး လုိက္ပါသြားခဲ့ပါတယ္။

မေလးရွား အာဏာပုိင္ေတြက ေလယာဥ္ဟာ သတ္မွတ္ထားတဲ့ ေလေၾကာင္းလိုင္းအတုိင္း မသြားဘဲ မုိင္ေပါင္းမ်ားစြာ ေဝးတဲ့ေနရာကို ေမာင္းႏွင္ခဲ့တယ္လုိ႔ ေျပာပါတယ္။ ေလယာဥ္ ေပ်ာက္ဆံုးသြားရတဲ့ အေၾကာင္းရင္းကို လက္ရွိအခ်ိန္အထိ ဘယ္သူမွ အတိအက် မသိေသးပါဘူး။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

ပျောက်ဆုံးနေတဲ့ မလေးရှား MH 370 လေယာဉ် အပိုင်းအစတွေ ရှာတွေ့လို့ ဆို

၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းလိုင်းက MH 370 လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေရဲ့ အမျိုးတွေက လေယာဉ်အပျက်စီး အပိုင်းအစတွေကို ရှာတွေ့ထားကြောင်း ပြောပါတယ်။

အခုသီတင်းပတ် အတွင်းမှာပဲ တွေ့ရှိထားတဲ့ လေယာဉ် အပျက်စီးအပိုင်းအစတွေကို မလေးရှား အစိုးရထံ လွှဲပြောင်းပေးအပ်ဖို့ ရှိနေပါတယ်။ မလေးရှားလေကြောင်းလိုင်းက လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ဘေဂျင်းမြို့ကို ပျံသန်းသွားချိန်မှာ ပျောက်ဆုံးသွားခဲ့ပြီး လေယာဉ်ပေါ်မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့ပါတယ်။

မလေးရှား အာဏာပိုင်တွေက လေယာဉ်ဟာ သတ်မှတ်ထားတဲ့ လေကြောင်းလိုင်းအတိုင်း မသွားဘဲ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာကို မောင်းနှင်ခဲ့တယ်လို့ ပြောပါတယ်။ လေယာဉ် ပျောက်ဆုံးသွားရတဲ့ အကြောင်းရင်းကို လက်ရှိအချိန်အထိ ဘယ်သူမှ အတိအကျ မသိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)