
0
683




 

<>>>>>>>>>>>>>>>>>>>>>>>>

 

တရုတ် – အမေရိကန်ကြား ကုန်သွယ်ရေး တင်းမာမှုကို G 20 အဖွဲ့ဝင် နိုင်ငံတွေ ဆွေးနွေးမယ်

အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရိစ်မှာ ကျင်းပမယ့် G 20 ထိပ်သီး ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုတွေနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ပါ့မလား ဆိုတာ ဆွေးနွေးပွဲရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။

စီးပွားရေး အင်အားအကြီးဆုံး အဲဒီ နှစ်နိုင်ငံအကြား အငြင်းပွားမှုတွေဟာ ကမ္ဘာ့စီးပွားရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်။ G 20 အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ပေမယ့် အဲဒီအရေးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာတွေ့ဖို့ဟာ ခက်ခဲနေပါသေးတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်မယ့် G 20 ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် အဲဒီ အစည်းအဝေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)