
0
717




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

စပါး တိုက်စစ်မှူးဟောင်း ရော်ဘီကိန်း ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူ

စပါးအသင်းနဲ့ အိုင်ယာလန်အသင်း တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

စပါးအသင်းနဲ့ နိုင်ငံတကာပွဲပေါင်း ၁၄၆ ပွဲ ကစားပြီး ဂိုးပေါင်း ၆၈ ဂိုးသွင်းထားတဲ့ အသက် ၃၈ နှစ်ရှိ ရော်ဘီကိန်းဟာ လက်ရှိမှာ အိုင်ယာလန် နည်းပြ မစ်ခ် မက္ကာသီကို အကူအညီပေးနေပါတယ်။ ရော်ဘီကိန်းဟာ ၂၀၁၆ ခုနှစ်က နိုင်ငံတကာ လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူခဲ့ပါတယ်။

ရော်ဘီကိန်းဟာ ၂၃ နှစ်ကြာ ကလပ် ၁၀ ခုမှာ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ကစားခဲ့ပြီး ပွဲပေါင်း ၇၃၇ ပွဲ ကစားကာ ဂိုးပေါင်း ၃၂၅ ဂိုးသွင်းယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)