
0
171




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ်က နျူကလီးယားစွမ်းအင် သုံးစွဲမှု လျှော့မယ်

နျူကလီးယား စွမ်းအင်အပေါ် မှီခိုအားထားမှုကို ၂၀၃၅ ခုနှစ် နောက်ဆုံးထားပြီး လက်ရှိ ၇၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကို လျှော့ချမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ပြောပါတယ်။

ဓာတ်ပေါင်းဖို ၅၈ ခုထဲက ၁၄ ခုကို ပိတ်ပစ်မယ်လို့ သူက ပြောပါတယ်။ ပြင်သစ်အစိုးရဟာ လေအားလျှပ်စစ်ကနေ လျှပ်စစ်သုံးဆ ထွက်အောင် ပြုလုပ်ဖို့နဲ့ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး နေစွမ်းအင် ကနေ လျှပ်စစ် ၅ ဆ တိုးလာအောင် လုပ်ဖို့ စီစဉ်နေပါတယ်။

ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ သုတေသနနဲ့ တီထွင်ထုတ်လုပ်ရေးအတွက် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံကနေ ၉ ဘီလီယံအထိ သုံးမယ်လို့ ပြင်သစ် သမ္မတက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)