သမၼတ ပူတင္ အေကာင့္တုကို Twitter ဖ်က္သိမ္း

0
178

႐ုရွားသမၼတ ဗလာဒီမာ ပူတင္ အေယာင္ေဆာင္ထားတဲ့ အေကာင့္တုကို Twitter က မေန႔က ႏိုဝင္ဘာလ ၂၈ ရက္ေန႔မွာ ပိတ္သိမ္းလိုက္ပါတယ္။

အဲဒီအေကာင့္ဟာ အဂၤလိပ္လို ေရးသားေနတာ ျဖစ္ၿပီး မပိတ္သိမ္းခင္မွာ follower ၁ သန္းအထိ ရွိေနပါတယ္။ @putinRF_eng ဆိုတဲ့ အမည္နဲ႔ ဖြင့္ထားတဲ့ အေကာင့္ဟာ တရားဝင္ အစိုးရ ဆိုက္ပံုစံ အေယာင္ေဆာင္ထားတာ ျဖစ္ေၾကာင္း၊ ႐ုရွားအစိုးရက အေကာင့္တု ျဖစ္ေၾကာင္း အသိေပးတာေၾကာင့္ ပိတ္သိမ္းလိုက္တာျဖစ္ေၾကာင္း Twitter က ေျပာပါတယ္။

အဲဒီ အေကာင့္တုဟာ ၂၀၁၂ ခုႏွစ္မွာ စတင္ဖြင့္ၿပီး ၂၀၁၃ ခုႏွစ္မွာ အစိုးရ တရားဝင္ အေကာင့္အျဖစ္ အေယာင္ေဆာင္ထားတာ ျဖစ္ပါတယ္။ အဲဒီအေကာင့္တုကေန သမၼတ ပူတင္ရဲ႕ လႈပ္ရွားမႈေတြကို ေဖာ္ျပတဲ့ တရားဝင္ အစိုးရ link ေတြကို အမ်ားစု တင္ခဲ့တာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

 

သမ္မတ ပူတင် အကောင့်တုကို Twitter ဖျက်သိမ်း

ရုရှားသမ္မတ ဗလာဒီမာ ပူတင် အယောင်ဆောင်ထားတဲ့ အကောင့်တုကို Twitter က မနေ့က နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပိတ်သိမ်းလိုက်ပါတယ်။

အဲဒီအကောင့်ဟာ အင်္ဂလိပ်လို ရေးသားနေတာ ဖြစ်ပြီး မပိတ်သိမ်းခင်မှာ follower ၁ သန်းအထိ ရှိနေပါတယ်။ @putinRF_eng ဆိုတဲ့ အမည်နဲ့ ဖွင့်ထားတဲ့ အကောင့်ဟာ တရားဝင် အစိုးရ ဆိုက်ပုံစံ အယောင်ဆောင်ထားတာ ဖြစ်ကြောင်း၊ ရုရှားအစိုးရက အကောင့်တု ဖြစ်ကြောင်း အသိပေးတာကြောင့် ပိတ်သိမ်းလိုက်တာဖြစ်ကြောင်း Twitter က ပြောပါတယ်။

အဲဒီ အကောင့်တုဟာ ၂၀၁၂ ခုနှစ်မှာ စတင်ဖွင့်ပြီး ၂၀၁၃ ခုနှစ်မှာ အစိုးရ တရားဝင် အကောင့်အဖြစ် အယောင်ဆောင်ထားတာ ဖြစ်ပါတယ်။ အဲဒီအကောင့်တုကနေ သမ္မတ ပူတင်ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတဲ့ တရားဝင် အစိုးရ link တွေကို အများစု တင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)