ခ်စ္သူနဲ႔ လက္ထပ္ဖို႔ ဂ်ပန္ မင္းသမီး ေတာ္ဝင္အျဖစ္က စြန္႔လႊတ္

0
826

မင္းသမီး ဟီဆာကိုနဲ႔ ကြယ္လြန္သူ မင္းသား တာကာမိုဒိုတို႔ရဲ႕ အငယ္သံုးသမီး မင္းသမီး အာယာကိုဟာ သူ႔ခ်စ္သူနဲ႔ လက္ထပ္ဖို႔အတြက္ ေတာ္ဝင္မင္းသမီးဘဝကို စြန္႔လႊတ္ခဲ့ၿပီး ဒီေန႔ ေအာက္တိုဘာ ၂၉ ရက္ေန႔မွာ လက္ထပ္ပြဲ က်င္းပပါတယ္။

 

တိုက်ိဳၿမိဳ႕ရွိ ေမအိဂ်ိ ဘုရားေက်ာင္းမွာ က်င္းပတဲ့ အာယာကိုနဲ႔ ခဲအိ မိုရီယာတို႔ရဲ႕ လက္ထပ္ပြဲကို တက္ေရာက္သူ ၁ ေထာင္ခန္႔ရွိပါတယ္။ အာယာကိုဟာ ပန္းေရာင္ ပန္းပြင့္ေတြနဲ႔ အစိမ္းေရာင္ သစ္ရြက္ေတြပါတဲ့ ကီမိုႏို ဝတ္စံုကို ဝတ္ဆင္ထားၿပီး ၂၀၁၄ ခုႏွစ္တုန္းက သူ႔ရဲ႕ အစ္မေတာ္ မင္းသမီး ႏိုရီကို လက္ထပ္စဥ္က ဝတ္စံုပံုစံမ်ိဳးပဲ ျဖစ္ပါတယ္။

အာယာကိုရဲ႕ ဖခင္ မင္းသား တာကာမိုတိုဟာ ဘုရင္ႀကီး အကီဟီတိုနဲ႔ ညီအစ္ကို ဝမ္းကြဲ ေတာ္စပ္ပါတယ္။ ဂ်ပန္ ဧကရာဇ္ ဥပေဒအရ ေတာ္ဝင္မိသားစုဝင္ အမ်ိဳးသမီးေတြဟာ ေတာ္ဝင္မ်ိဳးႏြယ္ မဟုတ္သူ အရပ္သားကို လက္ထပ္ရင္ ရရွိထားတဲ့ ေတာ္ဝင္ အဆင့္အတန္းနဲ႔ ခံစားခြင့္ေတြကို စြန္႔လႊတ္ရပါတယ္။ ဒါေပမယ့္ ေတာ္ဝင္ အမ်ိဳးသားေတြ အရပ္သူနဲ႔ လက္ထပ္ရင္ အဲဒီလို စြန္႔လႊတ္စရာ မလိုပါဘူး။

မိုရီယာ (၃၂ ႏွစ္) ကို လက္ထပ္တဲ့အတြက္ နိပြန္ ယူဆင္ သေဘၤာကုမၸဏီမွာ အလုပ္လုပ္သူ အာယာကိုဟာ ေတာ္ဝင္မင္းသမီးဘဝကို စြန္႔လႊတ္လိုက္ၿပီး ဂ်ပန္အစိုးရက ေနထိုင္စရိတ္အျဖစ္ အေမရိကန္ ေဒၚလာ ၉ သိန္းခြဲကို တလံုးတခဲတည္း ေထာက္ပံ့လိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချစ်သူနဲ့ လက်ထပ်ဖို့ ဂျပန် မင်းသမီး တော်ဝင်အဖြစ်က စွန့်လွှတ်

မင်းသမီး ဟီဆာကိုနဲ့ ကွယ်လွန်သူ မင်းသား တာကာမိုဒိုတို့ရဲ့ အငယ်သုံးသမီး မင်းသမီး အာယာကိုဟာ သူ့ချစ်သူနဲ့ လက်ထပ်ဖို့အတွက် တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ လက်ထပ်ပွဲ ကျင်းပပါတယ်။

တိုကျိုမြို့ရှိ မေအိဂျိ ဘုရားကျောင်းမှာ ကျင်းပတဲ့ အာယာကိုနဲ့ ခဲအိ မိုရီယာတို့ရဲ့ လက်ထပ်ပွဲကို တက်ရောက်သူ ၁ ထောင်ခန့်ရှိပါတယ်။ အာယာကိုဟာ ပန်းရောင် ပန်းပွင့်တွေနဲ့ အစိမ်းရောင် သစ်ရွက်တွေပါတဲ့ ကီမိုနို ဝတ်စုံကို ဝတ်ဆင်ထားပြီး ၂၀၁၄ ခုနှစ်တုန်းက သူ့ရဲ့ အစ်မတော် မင်းသမီး နိုရီကို လက်ထပ်စဉ်က ဝတ်စုံပုံစံမျိုးပဲ ဖြစ်ပါတယ်။

အာယာကိုရဲ့ ဖခင် မင်းသား တာကာမိုတိုဟာ ဘုရင်ကြီး အကီဟီတိုနဲ့ ညီအစ်ကို ဝမ်းကွဲ တော်စပ်ပါတယ်။ ဂျပန် ဧကရာဇ် ဥပဒေအရ တော်ဝင်မိသားစုဝင် အမျိုးသမီးတွေဟာ တော်ဝင်မျိုးနွယ် မဟုတ်သူ အရပ်သားကို လက်ထပ်ရင် ရရှိထားတဲ့ တော်ဝင် အဆင့်အတန်းနဲ့ ခံစားခွင့်တွေကို စွန့်လွှတ်ရပါတယ်။ ဒါပေမယ့် တော်ဝင် အမျိုးသားတွေ အရပ်သူနဲ့ လက်ထပ်ရင် အဲဒီလို စွန့်လွှတ်စရာ မလိုပါဘူး။

မိုရီယာ (၃၂ နှစ်) ကို လက်ထပ်တဲ့အတွက် နိပွန် ယူဆင် သင်္ဘောကုမ္ပဏီမှာ အလုပ်လုပ်သူ အာယာကိုဟာ တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်လိုက်ပြီး ဂျပန်အစိုးရက နေထိုင်စရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၉ သိန်းခွဲကို တလုံးတခဲတည်း ထောက်ပံ့လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)