ႏိုင္ငံျခားမွာ ေဆးေျခာက္သံုးလာသူ စင္ကာပူသားေတြ ျပန္ေရာက္ရင္ ေထာင္က်ႏိုင္

0
1122

ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔လိုပဲ စင္ကာပူႏိုင္ငံက သူ႔ႏိုင္ငံသားေတြ ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳတဲ့ ႏိုင္ငံျခားမွာ သံုးစြဲလာၿပီး ႏိုင္ငံျပန္ေရာက္လာရင္ ေထာင္ဒဏ္ ခ်မွတ္မယ္လို႔ ေၾကညာလိုက္ပါတယ္။

ႏိုင္ငံသား ဒါမွမဟုတ္ အၿမဲတမ္း ေနထိုင္ခြင့္ ရထားသူေတြဟာ ႏိုင္ငံျခားမွာ ေဆးေျခာက္ သံုးစြဲလာခဲ့ေၾကာင္း ေတြ႔ရွိခဲ့ရင္ ျပင္းထန္တဲ့ ျပစ္ဒဏ္ ခ်မွတ္မယ္လို႔ စင္ကာပူ မူးယစ္ေဆး တိုက္ဖ်က္ေရး ျဗဴ႐ိုက ေၾကညာလိုက္တာ ျဖစ္ပါတယ္။

စင္ကာပူႏိုင္ငံရဲ႕ စစ္ေဆးေရး ဂိတ္ေတြမွာ စစ္ေဆးမွာ ျဖစ္ၿပီး ေဆးေျခာက္သံုးစြဲထားခဲ့ေၾကာင္း ေတြ႔ရွိရင္ အေရးယူခံရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံခြားမှာ ဆေးခြောက်သုံးလာသူ စင်ကာပူသားတွေ ပြန်ရောက်ရင် ထောင်ကျနိုင်

တောင်ကိုရီးယားနဲ့ ဂျပန်တို့လိုပဲ စင်ကာပူနိုင်ငံက သူ့နိုင်ငံသားတွေ ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံခြားမှာ သုံးစွဲလာပြီး နိုင်ငံပြန်ရောက်လာရင် ထောင်ဒဏ် ချမှတ်မယ်လို့ ကြေညာလိုက်ပါတယ်။

နိုင်ငံသား ဒါမှမဟုတ် အမြဲတမ်း နေထိုင်ခွင့် ရထားသူတွေဟာ နိုင်ငံခြားမှာ ဆေးခြောက် သုံးစွဲလာခဲ့ကြောင်း တွေ့ရှိခဲ့ရင် ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်မယ်လို့ စင်ကာပူ မူးယစ်ဆေး တိုက်ဖျက်ရေး ဗြူရိုက ကြေညာလိုက်တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ စစ်ဆေးမှာ ဖြစ်ပြီး ဆေးခြောက်သုံးစွဲထားခဲ့ကြောင်း တွေ့ရှိရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)