လူ ၁၈၉ ဦးပါ အင္ဒိုနီးရွား ေလယာဥ္ ပင္လယ္ထဲ ပ်က္က် နစ္ျမဳပ္

0
983

အင္ဒိုနီးရွား လိုင္းယြန္း အဲယား (Lion Air) ေလေၾကာင္းလုိင္းက လူ ၁၈၉ ဦးပါ ေလယာဥ္တစ္စင္း ဒီေန႔ ေအာက္တုိဘာ ၂၉ ရက္ေန႔က ဂ်ာဗားကၽြန္း ကမ္းလြန္ ပင္လယ္ထဲကို ပ်က္က်သြားခဲ့ၿပီးေနာက္ ေရေအာက္ကို နစ္ျမဳပ္သြားပါတယ္။

အဲဒီ ေလယာဥ္ဟာ အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ာကာတာၿမိဳ႕ကေန ဆုမတ္ၾတားကၽြန္း ပန္ကယ္ ပီနန္ၿမိဳ႕ကို ထြက္ခြာ ပ်ံသန္းခ်ိန္မွာ ပ်က္က်သြားခဲ့တာ ျဖစ္ပါတယ္။ အင္ဒိုနီးရွား ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူက JT 610 ေလယာဥ္ဟာ ပ်ံသန္းၿပီးေနာက္ ၁၃ မိနစ္အၾကာမွာ ထိန္းခ်ဳပ္လို႔ မရေတာ့ဘဲ ပ်က္က်သြားခဲ့တယ္လုိ႔ ေျပာပါ တယ္။ ေသဆံုးသူ ဘယ္ေလာက္ရွိတယ္ဆုိတဲ့ အခ်က္ကို အတိအက် အတည္မျပဳႏုိင္ေသးဘူးလုိ႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ေျပာပါတယ္။

လိုင္းယြန္း အဲယား ေလေၾကာင္းလိုင္းဟာ အင္ဒိုနီးရွားမွာ အႀကီးဆံုး စရိတ္နည္း ေလေၾကာင္းလိုင္းျဖစ္ၿပီး ျပည္တြင္းအျပင္ အေရွ႕ေတာင္အာရွ၊ ၾသစေၾတးလ်နဲ႔ အေရွ႕အလယ္ပိုင္းတို႔ကိုလည္း ပ်ံသန္းေျပးဆြဲေနပါတယ္။

၁၉၉၉ ခုႏွစ္မွာ စတင္တည္ေထာင္ၿပီး လံုၿခံဳေရးအားနည္းမႈေၾကာင့္ ၂၀၁၆ ခုႏွစ္အထိ ဥေရာပ ေလပိုင္နက္ အတြင္းသို႔ ပ်ံသန္းခြင့္ ပိတ္ထားခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ လိုင္းယြန္း အဲယားရဲ႕ 904 ေလယာဥ္ဟာ ဘာလီအနီး ပင္လယ္ထဲ ပ်က္က်ခဲ့ေပမယ့္ ေလယာဥ္ေပၚပါ ၁၀၈ ဦးစလံုး အသက္ရွင္ခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္မွာ ေလယာဥ္ 538 ဟာ ဆိုလိုၿမိဳ႕ကို ဆင္းသက္စဥ္ ပ်က္က်ၿပီး လူ ၂၅ ဦး ေသဆံုးခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္နဲ႔ ၂၀၁၂ ခုႏွစ္တို႔မွာလည္း ေလယာဥ္မွဴးေတြဟာ မက္သာဖက္တမင္း မူးယစ္ေဆးေတြ လက္ဝယ္ေတြ႔ရွိမႈ ျဖစ္ပြားခဲ့ပါ တယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူ ၁၈၉ ဦးပါ အင်ဒိုနီးရှား လေယာဉ် ပင်လယ်ထဲ ပျက်ကျ နစ်မြုပ်

အင်ဒိုနီးရှား လိုင်းယွန်း အဲယား (Lion Air) လေကြောင်းလိုင်းက လူ ၁၈၉ ဦးပါ လေယာဉ်တစ်စင်း ဒီနေ့ အောက်တိုဘာ ၂၉ ရက်နေ့က ဂျာဗားကျွန်း ကမ်းလွန် ပင်လယ်ထဲကို ပျက်ကျသွားခဲ့ပြီးနောက် ရေအောက်ကို နစ်မြုပ်သွားပါတယ်။

အဲဒီ လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ကနေ ဆုမတ်တြားကျွန်း ပန်ကယ် ပီနန်မြို့ကို ထွက်ခွာ ပျံသန်းချိန်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက JT 610 လေယာဉ်ဟာ ပျံသန်းပြီးနောက် ၁၃ မိနစ်အကြာမှာ ထိန်းချုပ်လို့ မရတော့ဘဲ ပျက်ကျသွားခဲ့တယ်လို့ ပြောပါ တယ်။ သေဆုံးသူ ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်ကို အတိအကျ အတည်မပြုနိုင်သေးဘူးလို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

လိုင်းယွန်း အဲယား လေကြောင်းလိုင်းဟာ အင်ဒိုနီးရှားမှာ အကြီးဆုံး စရိတ်နည်း လေကြောင်းလိုင်းဖြစ်ပြီး ပြည်တွင်းအပြင် အရှေ့တောင်အာရှ၊ သြစတြေးလျနဲ့ အရှေ့အလယ်ပိုင်းတို့ကိုလည်း ပျံသန်းပြေးဆွဲနေပါတယ်။

၁၉၉၉ ခုနှစ်မှာ စတင်တည်ထောင်ပြီး လုံခြုံရေးအားနည်းမှုကြောင့် ၂၀၁၆ ခုနှစ်အထိ ဥရောပ လေပိုင်နက် အတွင်းသို့ ပျံသန်းခွင့် ပိတ်ထားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ လိုင်းယွန်း အဲယားရဲ့ 904 လေယာဉ်ဟာ ဘာလီအနီး ပင်လယ်ထဲ ပျက်ကျခဲ့ပေမယ့် လေယာဉ်ပေါ်ပါ ၁၀၈ ဦးစလုံး အသက်ရှင်ခဲ့ပါတယ်။ ၂၀ဝ၄ ခုနှစ်မှာ လေယာဉ် 538 ဟာ ဆိုလိုမြို့ကို ဆင်းသက်စဉ် ပျက်ကျပြီး လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာလည်း လေယာဉ်မှူးတွေဟာ မက်သာဖက်တမင်း မူးယစ်ဆေးတွေ လက်ဝယ်တွေ့ရှိမှု ဖြစ်ပွားခဲ့ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)