တိုက္အျမင့္ေပၚက လြတ္ေျမာက္ႏိုင္မယ့္ အသက္ကယ္ ပစၥည္း တီထြင္

0
265

ၿဗိတိန္ႏိုင္ငံသား ဒီဇိုင္းေရးဆြဲသူ တစ္ဦးဟာ အေရးေပၚအေျခေနအတြက္  ထူးျခားတဲ့ အသက္ ကယ္ဆယ္ေရးသံုး ပစၥည္းတစ္မ်ိဳးကို     ထုတ္ေဖာ္ျပသလုိက္ပါတယ္။

လန္ဒန္ ဂရင္းဖဲလ္ တာ၀ါ မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ဒီဇိုင္းထုတ္ခဲ့တာျဖစ္ၿပီး လူေပါင္း ၈၀ ေက်ာ္ ေသဆံုးခဲ့တဲ့ ျမင္ကြင္းဟာ           သူ႔အတြက္ အလြန္ စိတ္မခ်မ္ေျမ႔ဖြယ္ ျဖစ္ရတယ္လို႔ ေျပာပါတယ္။

သူေရးဆြဲထားတဲ့ ဒီဇိုင္းဟာ အေရးေပၚျဖစ္လာတဲ့အခါ ဂရင္းဖဲလ္တာ၀ါလိုမ်ိဳး အျမင့္ကေန မိနစ္ ၂၀ အတြင္း အားလံုး ေျမျပင္ေရာက္ႏိုင္တဲ့ အေနအထားပဲ ျဖစ္ပါတယ္။

အဲဒီ ေရးဆြဲထားတဲ့ ဒီဇိုင္းဟာ တစ္မိနစ္ကို ပ်မ္းမ်ွအားျဖင့္ လူ ၂၀ ကေန ၂၅ ေယာက္အထိ ကယ္တင္ႏိုင္ပါတယ္။ က်ြန္ေတာ္တို႔ ေနာက္ဘာေတြ ျဖစ္လာႏိုင္မလဲဆုိတာ မသိတဲ့အတြက္ ေနထိုင္ရာေနရာမွာ မိမိတုိ႔ရဲ႕ အသက္ လံုၿခံဳစိတ္ခ်ေရးအတြက္ ဒီလို ပစၥည္းကို အထပ္ျမင့္ အေဆာက္အဦးတုိင္းမွာ တပ္ဆင္သင့္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုက်အမြင့်ပေါ်က လွတ်မြောက်နိုင်မယ့် အသက်ကယ် ပစ္စည်း တီထွင်

ဗြိတိန်နိုင်ငံသား ဒီဇိုင်းရေးဆွဲသူ တစ်ဦးဟာ အရေးပေါ်အခြေနေအတွက် ထူးခြားတဲ့ အသက် ကယ်ဆယ်ရေးသုံး ပစ္စည်းတစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။

လန်ဒန် ဂရင်းဖဲလ် တာဝါ မီးလောင်မှုဖြစ်ပွားပြီးနောက် ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး လူပေါင်း ၈၀ ကျော် သေဆုံးခဲ့တဲ့ မြင်ကွင်းဟာ သူ့အတွက် အလွန် စိတ်မချမ်မြေ့ဖွယ် ဖြစ်ရတယ်လို့ ပြောပါတယ်။

သူရေးဆွဲထားတဲ့ ဒီဇိုင်းဟာ အရေးပေါ်ဖြစ်လာတဲ့အခါ ဂရင်းဖဲလ်တာဝါလိုမျိုး အမြင့်ကနေ မိနစ် ၂၀ အတွင်း အားလုံး မြေပြင်ရောက်နိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။

အဲဒီ ရေးဆွဲထားတဲ့ ဒီဇိုင်းဟာ တစ်မိနစ်ကို ပျမ်းမျှအားဖြင့် လူ ၂၀ ကနေ ၂၅ ယောက်အထိ ကယ်တင်နိုင်ပါတယ်။ ကျွန်တော်တို့ နောက်ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ မသိတဲ့အတွက် နေထိုင်ရာနေရာမှာ မိမိတို့ရဲ့ အသက် လုံခြုံစိတ်ချရေးအတွက် ဒီလို ပစ္စည်းကို အထပ်မြင့် အဆောက်အဦးတိုင်းမှာ တပ်ဆင်သင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)