ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ယင္းလတ္ အဂၤလန္မွာ ႏိုင္ငံေရးခိုလႈံခြင့္ ေတာင္း

0
355

ဝန္ႀကီးခ်ဳပ္ေဟာင္း ယင္းလတ္ဟာ ဒူဘုိင္းမွာ မဟုတ္ဘဲ အဂၤလန္ကို ေရာက္ရွိေနၿပီး ႏုိင္ငံေရးခုိလႈံခြင့္ရဖို႔  ေလွ်ာက္ထားတယ္လို႔        သူ႔ပါတီျဖစ္တဲ့ ေဖြထိုင္းပါတီက ေျပာပါတယ္။

ထုိင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ယင္းလပ္ဟာ ယူေအအီးႏုိင္ငံ ဒူဘုိင္းကို ေရာက္ရွိေနတယ္လို႔ စက္တင္ဘာ ၂၈ ရက္ေန႔က       ထုတ္ေျပာခဲ့ၿပီးေနာက္ ေဖြထုိင္းပါတီက အခုလို ေျပာခဲ့တာျဖစ္ပါတယ္။  

ထုိင္းဝန္ႀကီးခ်ဳပ္က ယင္းလတ္ကို ဖမ္းဆီးႏိုင္ေရးအတြက္ ထိုင္းရဲေတြဟာ ယူေအအီးရဲတပ္ဖြဲ႔နဲ႔အတူ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔    ေျပာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ယင္းလတ္ ဘယ္ေနရာမွာ ရွိေနတဲ့ ဆုိတဲ့အခ်က္ဟာ မွန္းဆမႈမ်ားျဖစ္ႏိုင္ၿပီး ဘယ္သူမွ အတိအက် မသိႏုိင္ဘူးလို႔ သံုးသပ္မႈေတြလည္း ရွိေနပါတယ္။

လာဘ္စားမနဲ႔ စြဲခ်က္တင္ခံရၿပီးေနာက္ တရားရံုးက စံုစမ္းေနခ်ိန္မွာပဲ ႏုိင္ငံကေန ထြက္ေျပးခဲ့တာျဖစ္ပါတယ္။ ထိုင္းတရားရံုးက ၿပီးခဲ့တဲ့  ရက္ပိုင္းမွာ ယင္းလတ္ကို ေထာင္ဒဏ္ ၅ ႏွစ္ ျပစ္ဒဏ္ခ်ခဲ့ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် အင်္ဂလန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်း

ဝန်ကြီးချုပ်ဟောင်း ယင်းလတ်ဟာ ဒူဘိုင်းမှာ မဟုတ်ဘဲ အင်္ဂလန်ကို ရောက်ရှိနေပြီး နိုင်ငံရေးခိုလှုံခွင့်ရဖို့ လျှောက်ထားတယ်လို့ သူ့ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယင်းလပ်ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းကို ရောက်ရှိနေတယ်လို့ စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြောခဲ့ပြီးနောက် ဖွေထိုင်းပါတီက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်က ယင်းလတ်ကို ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းရဲတွေဟာ ယူအေအီးရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ယင်းလတ် ဘယ်နေရာမှာ ရှိနေတဲ့ ဆိုတဲ့အချက်ဟာ မှန်းဆမှုများဖြစ်နိုင်ပြီး ဘယ်သူမှ အတိအကျ မသိနိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

လာဘ်စားမနဲ့ စွဲချက်တင်ခံရပြီးနောက် တရားရုံးက စုံစမ်းနေချိန်မှာပဲ နိုင်ငံကနေ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ထိုင်းတရားရုံးက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ယင်းလတ်ကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)