ေျမာက္ကိုရီးယား ကုမၸဏီကို ပိတ္သိမ္းဖုိ႔ တ႐ုတ္ အမိန္႔ထုတ္

0
246

ေျမာက္ကိုရီးယား ႏုိင္ငံအေပၚ ကုလသမဂၢက ပိတ္ဆုိ႔မႈခ်ထားကို အေကာင္ထည္ေဖာ္ႏုိင္ဖို႔ တရုတ္ႏုိင္ငံဟာ ႏုိင္ငံမွာ   စီးပြားေရး           လုပ္ငန္းေတြ လုပ္ေနတဲ့ ေျမာက္ကိုရီးယား ကုမၸဏီေတြကို ပိတ္သိမ္းဖို႔ အမိန္႔ေပးလုိက္ပါတယ္။

ေျမာက္ကိုရီးယား  ကုမၸဏီေတြဟာ ဇန္နဝါရီလက စတင္ၿပီး ပိတ္သိမ္းရဖြယ္ ရွိေနပါတယ္။   တ႐ုတ္ႏုိင္ငံဟာ ေျမာက္ကိုရီးယားရဲ႕ အဓိက မဟာမိတ္ႏုိင္ငံျဖစ္ေပမယ့္ ေျမာက္ကိုရီးယား ႏုိင္ငံအေပၚ အထည္အလိပ္ တင္ပို႔တာ ပိတ္ပင္မႈနဲ႔ ေရနံကို အကန္႔သတ္နဲ႔ တင္ပို႔ဖို႔  လုပ္ေဆာင္ထားပါတယ္။

တ႐ုတ္ ကုန္သြယ္ေရးဝန္ႀကီးက ႏုိင္ငံအတြင္းက  ေျမာက္ကိုရီးယား ကုမၸဏီကို ပိတ္ဖုိ႔ ညႊန္ၾကားခဲ့တယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားကို ႏုိင္ငံေရးနဲ႔ စီးပြားေရး အထီးက်န္ျဖစ္ေစဖုိ႔ ပိတ္ဆိုမႈေတြ လုပ္ေနတာျဖစ္ၿပီး  တ႐ုတ္ႏိုင္ငံဟာ ေျမာက္ကိုရီးယားရဲ႕ အဓိက ကုန္သြယ္ဖက္ျဖစ္လို႔ ေျမာက္ကိုရီးယား ႏုိင္ငံအတြက္ ထိုးႏွက္ခ်က္ေတြ ျဖစ္လာေစပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယား ကုမ္ပဏီကို ပိတ်သိမ်းဖို့ တရုတ် အမိန့်ထုတ်

မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂက ပိတ်ဆို့မှုချထားကို အကောင်ထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံဟာ နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတဲ့ မြောက်ကိုရီးယား ကုမ္ပဏီတွေကို ပိတ်သိမ်းဖို့ အမိန့်ပေးလိုက်ပါတယ်။

မြောက်ကိုရီးယား ကုမ္ပဏီတွေဟာ ဇန်နဝါရီလက စတင်ပြီး ပိတ်သိမ်းရဖွယ် ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်ပေမယ့် မြောက်ကိုရီးယား နိုင်ငံအပေါ် အထည်အလိပ် တင်ပို့တာ ပိတ်ပင်မှုနဲ့ ရေနံကို အကန့်သတ်နဲ့ တင်ပို့ဖို့ လုပ်ဆောင်ထားပါတယ်။

တရုတ် ကုန်သွယ်ရေးဝန်ကြီးက နိုင်ငံအတွင်းက မြောက်ကိုရီးယား ကုမ္ပဏီကို ပိတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားကို နိုင်ငံရေးနဲ့ စီးပွားရေး အထီးကျန်ဖြစ်စေဖို့ ပိတ်ဆိုမှုတွေ လုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဖက်ဖြစ်လို့ မြောက်ကိုရီးယား နိုင်ငံအတွက် ထိုးနှက်ချက်တွေ ဖြစ်လာစေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)