အစၥေရး ဝန္ႀကီးခ်ဳပ္ရဲ႕ အဓိကၿပိဳင္ဘက္ရဲ႕ မိုဘိုင္းဖုန္းကို ႐ုရွား ဟက္ကာေတြ ေဖာက္ဝင္

0
105

အစၥေရး ဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ရာဟုရဲ႕ အဓိက ၿပိဳင္ဘက္ ဘင္နီ ဂန္႔ဇ္ရဲ႕ မိုဘိုင္းဖုန္းထဲကို ႐ုရွားဟက္ကာေတြ ေဖာက္ထြင္းဝင္ေရာက္ခဲ့တယ္လို႔ အစၥေရး စံုစမ္းေထာက္လွမ္းေရး ကုမၸဏီတစ္ခုက အတည္ျပဳၿပီး မႀကံဳဖူးတဲ့ တိုက္ခိုက္မႈလို႔ ေျပာဆိုလိုက္ပါတယ္။

စံုစမ္းေထာက္လွမ္းေရး ကုမၸဏီ CGI Group ကို ဂန္႔ဇ္က ငွားရမ္းၿပီး အခ်က္အလက္ ေပါက္ၾကားမႈေတြကို စစ္ေဆးေစခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အစၥေရး စစ္ဦးခ်ဳပ္ေဟာင္းလည္း ျဖစ္တဲ့ ဂန္႔ဇ္ရဲ႕ အကဲဆတ္တဲ့ အခ်က္အလက္ေတြကို ရမသြားေၾကာင္း ကုမၸဏီက ေျပာပါတယ္။

ဒီလို ႐ုရွား ဟက္ကာေတြရဲ႕ တိုက္ခိုက္ ေဖာက္ထြင္းမႈမ်ိဳး အရင္က မႀကံဳဖူးေၾကာင္း၊ အင္အားျပင္းၿပီး မထင္ထားတဲ့ တိုက္ခိုက္ေဖာက္ထြင္းမႈျဖစ္ေၾကာင္း CGI Group က ေျပာပါတယ္။ ႐ုရွား ဟက္ကာေတြဟာ အတိုက္အခံပါတီရဲ႕ ဖုန္းနဲ႔ မဲဆြယ္ေရး မန္ေနဂ်ာ ဖုန္းေတြကိုပါ ေဖာက္ထြင္းဝင္ေရာက္ခဲ့ပါတယ္။

အစ္စရေး ဝန်ကြီးချုပ်ရဲ့ အဓိကပြိုင်ဘက်ရဲ့ မိုဘိုင်းဖုန်းကို ရုရှား ဟက်ကာတွေ ဖောက်ဝင်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုရဲ့ အဓိက ပြိုင်ဘက် ဘင်နီ ဂန့်ဇ်ရဲ့ မိုဘိုင်းဖုန်းထဲကို ရုရှားဟက်ကာတွေ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အစ္စရေး စုံစမ်းထောက်လှမ်းရေး ကုမ္ပဏီတစ်ခုက အတည်ပြုပြီး မကြုံဖူးတဲ့ တိုက်ခိုက်မှုလို့ ပြောဆိုလိုက်ပါတယ်။

စုံစမ်းထောက်လှမ်းရေး ကုမ္ပဏီ CGI Group ကို ဂန့်ဇ်က ငှားရမ်းပြီး အချက်အလက် ပေါက်ကြားမှုတွေကို စစ်ဆေးစေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေး စစ်ဦးချုပ်ဟောင်းလည်း ဖြစ်တဲ့ ဂန့်ဇ်ရဲ့ အကဲဆတ်တဲ့ အချက်အလက်တွေကို ရမသွားကြောင်း ကုမ္ပဏီက ပြောပါတယ်။

ဒီလို ရုရှား ဟက်ကာတွေရဲ့ တိုက်ခိုက် ဖောက်ထွင်းမှုမျိုး အရင်က မကြုံဖူးကြောင်း၊ အင်အားပြင်းပြီး မထင်ထားတဲ့ တိုက်ခိုက်ဖောက်ထွင်းမှုဖြစ်ကြောင်း CGI Group က ပြောပါတယ်။ ရုရှား ဟက်ကာတွေဟာ အတိုက်အခံပါတီရဲ့ ဖုန်းနဲ့ မဲဆွယ်ရေး မန်နေဂျာ ဖုန်းတွေကိုပါ ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)