မကၠဆီကို ႏိုက္ကလပ္မွာ မီးေလာင္မႈ ေသဆံုးသူ ၂၆ ဦး ရွိလာ

0
105

မကၠဆီႏိုင္ငံ အေရွ႕ပိုင္းရွိ ႏိုက္ကလပ္ တစ္ခုမွာ ၾသဂုတ္လ ၂၇ ရက္ေန႔က မီးေလာင္မႈေၾကာင့္ ေသဆံုးသူ ၂၆ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ဗာရာခ႐ုဇ္ျပည္နယ္၊ ကမ္းေျခၿမိဳ႕ျဖစ္တဲ့ ကုတ္ဇာကိုလ္ေကာ့စ္ၿမိဳ႕ရွိ ဘလန္ကို ဘားမွာ ည ၁၀ နာရီေက်ာ္အခ်ိန္က မီးေလာင္မႈ ျဖစ္ခဲ့ၿပီး တျခား ၁၁ ဦးလည္း ဒဏ္ရာ ရရွိခဲ့ပါတယ္။ ရန္လိုသူ တစ္စုက ႏိုက္ကလပ္ကို မီး႐ိႈ႕ခဲ့တာ ျဖစ္ၿပီး အေရးေပၚထြက္ေပါက္ကိုလည္း ပိတ္ထားပစ္ခဲ့ပါတယ္။ ဒဏ္ရာရသူအမ်ားစုဟာ အသက္႐ႈၾကပ္လို႔ ေသဆံုးခဲ့တာ ျဖစ္ၿပီး အမ်ိဳးသမီး ၁၀ ဦး ပါဝင္ပါတယ္။

ဗာရာခ႐ုဇ္ ျပည္နယ္ဝန္ႀကီး ဂါစီယာက တမင္သက္သက္ တိုက္ခိုက္မႈအတြက္ အျပစ္တင္ခဲ့ၿပီး ဖက္ဒရယ္ စံုေထာက္ေတြနဲ႔ ပူးေပါင္း စံုစမ္းမယ္လို႔ ေျပာပါတယ္။ မကၠဆီကိုမွာ မူးယစ္ေဆးဝါးဂိုဏ္းေတြဟာ တစ္ဖြဲ႔နဲ႔တစ္ဖြဲ႔ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ ရွိေနပါတယ္။  

မက္ကဆီကို နိုက်ကလပ်မှာ မီးလောင်မှု သေဆုံးသူ ၂၆ ဦး ရှိလာ

မက္ကဆီနိုင်ငံ အရှေ့ပိုင်းရှိ နိုက်ကလပ် တစ်ခုမှာ သြဂုတ်လ ၂၇ ရက်နေ့က မီးလောင်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ဗာရာခရုဇ်ပြည်နယ်၊ ကမ်းခြေမြို့ဖြစ်တဲ့ ကုတ်ဇာကိုလ်ကော့စ်မြို့ရှိ ဘလန်ကို ဘားမှာ ည ၁၀ နာရီကျော်အချိန်က မီးလောင်မှု ဖြစ်ခဲ့ပြီး တခြား ၁၁ ဦးလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရန်လိုသူ တစ်စုက နိုက်ကလပ်ကို မီးရှို့ခဲ့တာ ဖြစ်ပြီး အရေးပေါ်ထွက်ပေါက်ကိုလည်း ပိတ်ထားပစ်ခဲ့ပါတယ်။ ဒဏ်ရာရသူအများစုဟာ အသက်ရှုကြပ်လို့ သေဆုံးခဲ့တာ ဖြစ်ပြီး အမျိုးသမီး ၁၀ ဦး ပါဝင်ပါတယ်။

ဗာရာခရုဇ် ပြည်နယ်ဝန်ကြီး ဂါစီယာက တမင်သက်သက် တိုက်ခိုက်မှုအတွက် အပြစ်တင်ခဲ့ပြီး ဖက်ဒရယ် စုံထောက်တွေနဲ့ ပူးပေါင်း စုံစမ်းမယ်လို့ ပြောပါတယ်။ မက္ကဆီကိုမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)