တစ္ပတ္ကို ၁၂ နာရီ အလုပ္လုပ္ရင္ ျဖစ္တယ္လို႔ ဘီလ်ံနာ သူေဌးႀကီး ဂ်က္မား ေျပာ

0
129

ေနာက္ဆံုးေပၚ နည္းပညာေတြ အကူအညီနဲ႔ တစ္ပတ္ကို သံုးရက္၊ တစ္ရက္ကို ေလးနာရီႏႈန္း အလုပ္လုပ္လို႔ ရႏိုင္တယ္လို႔ အလီဘာဘာ ကုမၸဏီလုပ္ငန္းစုရဲ႕ တည္ေထာင္သူ ဘီလ်ံနာ သူေဌးႀကီး မစၥတာ ဂ်က္ မားက ေျပာပါတယ္။ 

တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ ဒီေန႔ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ က်င္းပတဲ့ ကမာၻ႔ ဉာဏ္ရည္တုဆိုင္ရာ ညီလာခံမွာ မစၥတာ ဂ်က္ မားက ေျပာသြားတာပါ။ သူဟာ ညီလာခံရဲ႕ စတိတ္စင္ေပၚမွာ တယ္လ္ဆာ ကုမၸဏီ အမႈေဆာင္ အရာရွိခ်ဳပ္ အယ္လြန္ မက္စ္နဲ႔အတူ ေဟာေျပာခဲ့တာ ျဖစ္ပါတယ္။ 

အလုပ္ေတြအတြက္ စိတ္မပူေၾကာင္း၊ အလုပ္ေတြၿပီးေျမာက္ေအာင္ AI လို႔ေခၚတဲ့ ဉာဏ္ရည္တု နည္းပညာေတြက ကူညီႏိုင္မယ္လို႔ အေကာင္းျမင္ေၾကာင္း၊ ကြန္ျပဴတာက ခ်စ္ပ္ျပားေတြပဲ ရွိၿပီး လူက ႏွလံုးသားရွိေၾကာင္း၊ ႏွလံုးသားဟာ ဉာဏ္ပညာရဲ႕ တည္ရာျဖစ္ေၾကာင္း ဂ်က္မားက ေျပာခဲ့ပါတယ္။

တစ်ပတ်ကို ၁၂ နာရီ အလုပ်လုပ်ရင် ဖြစ်တယ်လို့ ဘီလျံနာ သူဌေးကြီး ဂျက်မား ပြော

နောက်ဆုံးပေါ် နည်းပညာတွေ အကူအညီနဲ့ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို လေးနာရီနှုန်း အလုပ်လုပ်လို့ ရနိုင်တယ်လို့ အလီဘာဘာ ကုမ္ပဏီလုပ်ငန်းစုရဲ့ တည်ထောင်သူ ဘီလျံနာ သူဌေးကြီး မစ္စတာ ဂျက် မားက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ ဉာဏ်ရည်တုဆိုင်ရာ ညီလာခံမှာ မစ္စတာ ဂျက် မားက ပြောသွားတာပါ။ သူဟာ ညီလာခံရဲ့ စတိတ်စင်ပေါ်မှာ တယ်လ်ဆာ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် အယ်လွန် မက်စ်နဲ့အတူ ဟောပြောခဲ့တာ ဖြစ်ပါတယ်။

အလုပ်တွေအတွက် စိတ်မပူကြောင်း၊ အလုပ်တွေပြီးမြောက်အောင် AI လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာတွေက ကူညီနိုင်မယ်လို့ အကောင်းမြင်ကြောင်း၊ ကွန်ပြူတာက ချစ်ပ်ပြားတွေပဲ ရှိပြီး လူက နှလုံးသားရှိကြောင်း၊ နှလုံးသားဟာ ဉာဏ်ပညာရဲ့ တည်ရာဖြစ်ကြောင်း ဂျက်မားက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)