
0
113




အဂတိ လိုက်စားမှုသံသယကြောင့် UAW ဥက္ကဋ္ဌ အိမ်ကို FBI စီးနင်းရှာဖွေ

ကားလုပ်ငန်း၊ လေကြောင်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်သားများ အသင်းဖြစ်တဲ့ အဖွဲ့ဝင်ပေါင်း လူ ၁ သန်းကျော်ရှိ ယူနိုက်တက် အော်တို အလုပ်သမားများ (UAW) ဥက္ကဋ္ဌ ဂရေး ဂျုန်းစ်ရဲ့ ဒက်ထရွိက်ရှိ နေအိမ်အပါအဝင် ပြည်နယ်လေးခုမှာ အမေရိကန် ဖယ်ဒရယ် ထောက်လှမ်းရေး ဗြူရို FBI ရဲ့ စုံထောက်တွေက စီးနင်းရှာဖွေခဲ့ကြပါတယ်။

သြဂုတ် ၂၈ ရက်နေ့က စီးနင်းရှာဖွေခဲ့တာ ဖြစ်ပြီး ဂျင်နရယ် မော်တာ၊ ဖို့ဒ်နဲ့ ဖီးယက် ခရစ္စတယ်လာ ကားကုမ္ပဏီတွေက စက်တင်ဘာလ ၁၄ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် အလုပ်သမား ၁၅၅၀ဝ၀ နဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု ရှိတယ်လို့ သံသယ ရှိတဲ့အတွက် ဖြစ်ပါတယ်။

လက်နက်နဲ့ ဖမ်းဝရမ်းတွေ ကိုင်ဆောင်ထားတဲ့ FBI နဲ့ IRS စုံထောက်တွေဟာ UAW ဥက္ကဋ္ဌရဲ့ အိမ်ကို စီးနင်းခဲ့ကြပြီး စာရွက်စာတမ်းတွေနဲ့ ငွေအမြောက်အမြားကို သိမ်းဆည်းခဲ့ကြတယ်လို့ အိမ်နီးချင်း တစ်ဦးက ပြောပါတယ်။ စုံထောက်တွေဟာ မစ်ဆူရီပြည်နယ်၊ ဟေဇယ်ဝုဒ်ရှိ UAW ဒေသရုံးခွဲကိုလည်း ရှာဖွေခဲ့ပါတယ်။ UAW ကို ဂိုဏ်းစတားတွေက အုပ်ချုပ်နေပြီး အလုပ်သမားတွေဆီက ငွေ ဘီလီယံနဲ့ချီ ခေါင်းပုံဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)