ကမာၻတစ္ဝွမ္း ဝက္သက္ေရာဂါျဖစ္မႈ သံုးဆျမင့္တက္

0
82

အေမရိက ေဒသတခ်ိဳ႕ကလြဲလို႔ ကမာၻတစ္ဝွမ္းမွာ ဝက္သက္ေရာဂါ ျဖစ္ပြားမႈဟာ မႏွစ္ကနဲ႔ ႏိႈင္းယွဥ္ရင္ သံုးဆ ျမင့္တက္ေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေျပာပါတယ္။

ဝက္သက္ေရာဂါဟာ ႀကိဳတင္ကာကြယ္ႏိုင္တဲ့ ေရာဂါျဖစ္ၿပီး ကေလးေတြမွာ ျဖစ္ပြားရင္ ေသဆံုးတာ၊ ကိုယ္လက္အဂၤါ ခြ်တ္ယြင္းတာေတြ ျဖစ္ႏိုင္ပါတယ္။

WHO က တာဝန္ရွိသူ ကိတ္ အို ဘ႐ိုင္ယန္က အားနည္းတဲ့ က်န္းမာေရး စနစ္ေတြနဲ႔ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး သတင္းမွားေတြ ျဖန္႔ၾကမႈအေပၚ အျပစ္တင္ထားပါတယ္။ လူမႈကြန္ရက္ မီဒီယာေတြမွာ ဝက္သက္ေရာဂါ ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ အခ်က္အလက္ မွန္ေတြျဖစ္ဖို႔လည္း ကိတ္ အို ဘ႐ိုင္ယန္က ေတာင္းဆိုထားပါတယ္။

အခုႏွစ္ ဇန္နဝါရီလကေန ဇူလိုင္လအထိ ဝက္သက္ေရာဂါ ျဖစ္ပြားေၾကာင္း ကမာၻတစ္ဝွမ္းက သတင္းပို႔မႈ ၃၆၅၀၀၀ ခု ရွိၿပီး ၂၀၀၆ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆံုးျဖစ္ကာ မႏွစ္ကနဲ႔ ႏိႈင္းယွဥ္ရင္ သံုးဆ ျမင့္တက္ေနတာ ျဖစ္ပါတယ္။ ဒါေတာင္မွ ဝက္သက္ေရာဂါလို႔ သံသယရွိတဲ့ ျဖစ္ပြားမႈ ၆ ဒသမ ၇ သန္းထဲက ေသခ်ာတဲ့ ကိန္းဂဏန္းကို ထုတ္ျပထားတာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္း ဝက္သက္ေရာဂါေၾကာင့္ ေသဆံုးသူ ၁၀၉၀၀၀ ရွိခဲ့ပါတယ္။

ကမ္ဘာတစ်ဝှမ်း ဝက်သက်ရောဂါဖြစ်မှု သုံးဆမြင့်တက်


အမေရိက ဒေသတချို့ကလွဲလို့ ကမ္ဘာတစ်ဝှမ်းမှာ ဝက်သက်ရောဂါ ဖြစ်ပွားမှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် သုံးဆ မြင့်တက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။


ဝက်သက်ရောဂါဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပြီး ကလေးတွေမှာ ဖြစ်ပွားရင် သေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းတာတွေ ဖြစ်နိုင်ပါတယ်။
WHO က တာဝန်ရှိသူ ကိတ် အို ဘရိုင်ယန်က အားနည်းတဲ့ ကျန်းမာရေး စနစ်တွေနဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ကြမှုအပေါ် အပြစ်တင်ထားပါတယ်။ လူမှုကွန်ရက် မီဒီယာတွေမှာ ဝက်သက်ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ အချက်အလက် မှန်တွေဖြစ်ဖို့လည်း ကိတ် အို ဘရိုင်ယန်က တောင်းဆိုထားပါတယ်။


အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ဝက်သက်ရောဂါ ဖြစ်ပွားကြောင်း ကမ္ဘာတစ်ဝှမ်းက သတင်းပို့မှု ၃၆၅၀ဝ၀ ခု ရှိပြီး ၂၀ဝ၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် သုံးဆ မြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါတောင်မှ ဝက်သက်ရောဂါလို့ သံသယရှိတဲ့ ဖြစ်ပွားမှု ၆ ဒသမ ၇ သန်းထဲက သေချာတဲ့ ကိန်းဂဏန်းကို ထုတ်ပြထားတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်း ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၁၀၉၀ဝ၀ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)