ေတာင္တ႐ုတ္ပင္လယ္ထဲက အျငင္းပြားကြ်န္းေတြအနီး အေမရိကန္ စစ္သေဘၤာ ခုတ္ေမာင္း

0
179

ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားေနတဲ့ ကြ်န္းေတြနဲ႔ ေရမိုင္ ၁၂ မိုင္အကြာမွာ အေမရိကန္ စစ္သေဘၤာတစ္စီး ၾသဂုတ္လ ၂၈ ရက္ေန႔က ခုတ္ေမာင္းခဲ့ပါတယ္။ 

ေရေၾကာင္း ကင္းလွည့္ေရး လြတ္လပ္ခြင့္အရ ဖ်က္သေဘၤာ USS ဝိန္း အီး ေမယာဟာ ႏိုင္ငံတကာ ဥပေဒအရ ခြင့္ျပဳထားတဲ့ ေရျပင္ဧရိယာျဖစ္တဲ့ ဖီေရး ခေရာ့စ္နဲ႔ မစၥခ်ိဖ္ ရီးဖ္တို႔ရဲ႕ ေရမိုင္ ၁၂ မိုင္ အကြာမွာ ကင္းလွည့္ခဲ့တာ ျဖစ္တယ္လို႔ အေမရိကန္ ေရတပ္ ဗိုလ္ခ်ဳပ္ ရီအန္ မြန္ဆင္က ေျပာပါတယ္။

ႏိုင္ငံတကာ ဥပေဒအရ ခြင့္ျပဳထားတဲ့ ဘယ္ေနရာမဆို အေမရိကန္ ျပည္ေထာင္စုက ေလယာဥ္ပ်ံသန္းတာ၊ သေဘၤာခုတ္ေမာင္းတာေတြ လုပ္မယ္လို႔လည္း အမ်ိဳးသမီး ေရတပ္ ဗိုလ္ခ်ဳပ္ မြန္ဆင္က ေျပာပါတယ္။ အဲဒီ ကြ်န္းႏွစ္ခုအနီးမွာ တ႐ုတ္ႏိုင္ငံက လူလုပ္ကြ်န္းေတြ လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္လို႔ အေမရိကန္က တ႐ုတ္ကို စြပ္စြဲေဝဖန္ေနတာ ၾကာၿပီ ျဖစ္ပါတယ္။ 

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားကျွန်းတွေအနီး အမေရိကန် စစ်သင်္ဘော ခုတ်မောင်း

တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေတဲ့ ကျွန်းတွေနဲ့ ရေမိုင် ၁၂ မိုင်အကွာမှာ အမေရိကန် စစ်သင်္ဘောတစ်စီး သြဂုတ်လ ၂၈ ရက်နေ့က ခုတ်မောင်းခဲ့ပါတယ်။

ရေကြောင်း ကင်းလှည့်ရေး လွတ်လပ်ခွင့်အရ ဖျက်သင်္ဘော USS ဝိန်း အီး မေယာဟာ နိုင်ငံတကာ ဥပဒေအရ ခွင့်ပြုထားတဲ့ ရေပြင်ဧရိယာဖြစ်တဲ့ ဖီရေး ခရော့စ်နဲ့ မစ္စချိဖ် ရီးဖ်တို့ရဲ့ ရေမိုင် ၁၂ မိုင် အကွာမှာ ကင်းလှည့်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ရေတပ် ဗိုလ်ချုပ် ရီအန် မွန်ဆင်က ပြောပါတယ်။

နိုင်ငံတကာ ဥပဒေအရ ခွင့်ပြုထားတဲ့ ဘယ်နေရာမဆို အမေရိကန် ပြည်ထောင်စုက လေယာဉ်ပျံသန်းတာ၊ သင်္ဘောခုတ်မောင်းတာတွေ လုပ်မယ်လို့လည်း အမျိုးသမီး ရေတပ် ဗိုလ်ချုပ် မွန်ဆင်က ပြောပါတယ်။ အဲဒီ ကျွန်းနှစ်ခုအနီးမှာ တရုတ်နိုင်ငံက လူလုပ်ကျွန်းတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ အမေရိကန်က တရုတ်ကို စွပ်စွဲဝေဖန်နေတာ ကြာပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)