ချီလီမှာ နိုင်ငံခြားသစ်ကုမ္ပဏီက သစ်တင်ကား ၂၉ စင်းကိုပြန်ပေးဆွဲမီးရှို့မှုဖြစ်ပွား

0
315

ချီလီနိုင်ငံတောင်ပိုင်းလော့ရီယိုဒေသထဲမှာသြဂုတ်လ၂၈ရက်နေ့ကမက်ပူချီလူမျိုးကိုယ်စားပြုတယ်လို့ ကြွေးကြော်ထားတဲ့ လက်နက်ကိုင် အုပ်စုတစ်စုဟာ သစ်ကုန်တင်ကား ၂၉ စင်းကို ပြန်ပြေးဆွဲပြီး မီးရှို့ ဖျက်စီး မှုဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီဒေသအတွင်းမှာ သစ်ထုတ်လုပ်မှု ၊ သတ္တုတူးဖော်မှု ၊ ကျောက်မီးသွေး တူးဖော်မှုတွေနဲ့ ဒေသခံတွေနဲ့ နိုင်ငံခြားကုမ္ပဏီကြား ပဋိပက္ခဖြစ်ပွားနေတာဟာ တစ်နှစ် နီး ပါး ရှိနေပြီ လည်းဖြစ်ပါတယ်။

အစိုးရနဲ့ နိုင်ငံခြားကုမ္ပဏီကြားလုပ်ကိုင်မှုတွေကို ဒေသခံတွေကမကြေနပ်ကြတဲ့အတွက်ကြောင့် အခုလို ဖြစ်ရပ်တွေဖြစ်ပွားနေတာပါ။ အဲ့ဒီကားတွေဟာ အစိုးရက လွဲပေးထားတဲ့ ဆိုထရီရှာ သစ်ထုတ်လုပ်တဲ့ ကုမ္ပဏီပိုင် ကားတွေပဲ ဖြစ်ပါတယ်။

အခုဖြစ်ရပ် မဖြစ်ပွားခင်ပြီးခဲ့တဲ့ ၂ပတ်ကတည်းက လည်းကုန်တင်ကား၁၈စီး လည်းမီးရှို့ဖျက်စီးခံခဲ့ရပါသေးတယ်။အဲ့ဒီအတွက်ကြောင့်အစိုးရဘက်က အရေးပေါ်အစည်းအဝေး တစ်ခုကိုဆွေးနွေးပြုလုပ်ခဲ့ရပါတယ်။

မက်ပူချီလူမျိုးစုခေါင်းဆောင်ကတော့ဒီလုပ်ရပ်တွေဟာ မိမိတိုရဲ့ ဒေသခံအဖွဲ့ တွေလည်းဖြစ်နိုင်သလို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ တစ်ခြားအဖွဲ့တွေရဲ့ လက်ချက်လည်းဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)