တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြေပြိုမှု ၂ ဦးသေ ၂၅ ဦးပျောက်ဆုံး

0
355

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဂျီစု ပြည်နယ် ဘီဂျီး မြို့မှာ သြဂုတ် ၂၇ ရက်နေ့က မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂ ဦး ရှိကာ လူ ၄ ယောက်ကိုကယ်တင်ခဲ့ကြပါတယ်။

လက်ရှိအချိန်အထိ အဲ့ဒီမြေပြိုမှုကြောင့် လူပေါင်း ၂၅ ဦးပျောက်ဆုံးနေပြီး ၃၄ အိမ်ဟာ မြေပြိုမှုဒဏ်ကို ခံစားခဲ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြိုကျမှုဖြစ်ပွားရာနေရာကို သွားရောက်ကာ ပျောက်ဆုံးနေ သူတွေကို ဆက်လက် ရှာဖွေမှုတွေပြုလုပ်နေပြီး နောက်ထပ် ဖြစ်ပွားလာနိုင်တဲ့ အခုလို သဘာဝဘေးအန္တရယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ ပြည်နယ်အစိုးရက ညွှန်ကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)