ယင်းလတ်ရဲ့ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းဖို့ ထိုင်း အစီအစဉ် မရှိသေး

0
293

တရားရုံးကို လာရောက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပျက်ကွက်ခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ်ရဲ့ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းဖို့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မှ ပြောပါတယ်။

ဖြုတ်ချခံရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နာဝပ်ရဲ့ နှမ ဖြစ်သူ ၂၀၁၁ ခုနှစ်မှာ ထိုင်းရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ အသက် ၅၀ အရွယ် ယင်းလတ်ဟာ ဆန်စပါး စီမံကိန်းတစ်ခုမှ လာဘ်ပေးလာဘ်ယူမှုနဲ့ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အမှုကို တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်တဲ့ အနေအထား ရှိနေခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က စီရင်ချက်ချမယ့် တရားရုံးမှာ သူ့ကို ထောက်ခံသူ ထောင်နဲ့ချီပြီး စုစည်းနေခဲ့ပါတယ်။ ယင်းလတ်ဟာ ဒူဘိုင်းကို ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သူရဲ့ ဖွေထိုင်းပါတီက ဝါရင့် ပါတီဝင်တွေက ပြောပါတယ်။

ယင်းလတ်ဟာ ပတ်စ်ပို့ နှစ်ခု ကိုင်ထားပါတယ်။ တစ်ခုက ပုံမှန် ပတ်စ်ပို့ဖြစ်ပြီး နောက်တစ်ခုက သံတမန် ပတ်စ်ပို့ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ထွက်ပြေးသွားနိုင်ပုံ ထောက်တော့ သူဟာ တတိယမြောက်အဖြစ် တခြားနိုင်ငံတစ်ခုခုရဲ့ ပတ်စ်ပို့ ကိုင်ဆောင်ထားတယ်လို့ ယူဆကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)