ဟာဗေးမုန်တိုင်း ၇ ဦးသေ ဒေသခံ ၃၀၀၀ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့ရ

0
284

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ၀င်ရောက်နေတဲ့ မုန်တိုင်းကြောင့် အနည်းဆုံး ၇ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃ သောင်းလောက် နေအိမ်တွေကနေ ဘေးလွတ်ရာကိုပြောင်း ရွှေ့နေကြရပါတယ်။

ဟာဗေး မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေဖြစ်ပေါ်နေခဲ့တာပါ။ အဲဒီ ဒေသခံတွေကို အစိုးရစစ်တပ်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ ၊ ကယ်ဆယ်ရေးအဖွဲ့ထောင်ပေါင်းများစွာ စုဝေး ပြီး ရဟတ်ယာဉ်၊ စက်လှေတွေနဲ့ သွားရောက်ကယ်ဆယ်မှုတွေပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်ထဲကို ဒီလို အင်အားပြင်းဝင်ရောက် တိုက်ခတ်မှုဟာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး မြို့လယ်လမ်းမတွေအထိ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေကြရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)