ဆော်ဒီအတွက် သူလျှိုလုပ်ပေးမှုနဲ့ Twitter ဝန်ထမ်းဟောင်း နှစ်ဦးကို အမေရိကန် အရေးယူ

0
999

Twitter ဝန်ထမ်းဟောင်း နှစ်ဦးနဲ့ တခြားတစ်ဦးကို ဆော်ဒီ အာရေဗျ တော်ဝင်မိသားစုအတွက် သူလျှိုလုပ်ပေးမှု စွပ်စွဲချက်နဲ့ အမေရိကန် အစိုးရက အရေးယူထားပါတယ်။

Twitter ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ အမေရိကန်နိုင်ငံသား အာမက် အဘော်အမ်မိုနဲ့ ဆော်ဒီနိုင်ငံသား အလီ အယ်လ်ဇာဘာရတ်တို့အပြင် တခြားတစ်ဦးဖြစ်တဲ့ အာမက် အယ်လ်မူတိုင်ရီတို့ကို ပုဂ္ဂလိက သတင်းအချက်အလက်တွေ လိမ်လည်ရယူမှု၊ နိုင်ငံခြားအစိုးရအတွက် သူလျှိုလုပ်မှုတို့နဲ့ စွဲချက်တင်ထားတာပါ။

ဒါ့အပြင် သူတို့ကို အဖျက်အမှောင့်လုပ်မှု၊ ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးမှုတွေကို လိမ်လည်ထွက်ဆိုမှု၊ ရာဇဝတ်မှုကို အားပေးကူညီမှု စတဲ့ စွဲချက် ခုနစ်ခုနဲ့လည်း တရားစွဲခံထားရပါတယ်။

ဝန်ထမ်းနှစ်ဦးကို Twitter ကလည်း အများပြည်သူ သိဖို့မဟုတ်တဲ့ ကုမ္ပဏီရဲ့အချက်နဲ့ Twitter account တွေကို ဆော်ဒီ အစိုးရနဲ့ ဆော်ဒီ တော်ဝင်မိသားစုထံပေးမှုနဲ့ စွပ်စွဲထားပြီး အခု အမေရိကန် အစိုးရရဲ့ စွဲချက်တွေနဲ့ အလားတူဖြစ်ပါတယ်။

Twitter ဝနထြမြးဟောငြးနှဈဦးဟာ ဖုနြးနံပါတတြှေ၊ IP လိပစြာတှေ၊ အသုံးပှုတဲ့ ကိရိယာတှေ၊ သုံးစှဲသူတှရေဲ့ ကိုယရြေးအခကွအြလကတြှေ၊ သုံးစှဲသူရဲ့ browser အခကွအြလကတြှေ၊ သုံးစှဲသူရဲ့ လုပဆြောငခြကွတြှကေို Twitter ရဲ့ တာဝနရြှိသူတှေ သဘောတူညီခကွြ မပါဘဲ ယူခဲ့ကှတယလြို့ အရငကြတညြးက စှပစြှဲခံထားရတာပါ။

________________

________________

ဆောျဒီအတှကျ သူလြှိုလုပျပေးမှုနဲ့ Twitter ဝနျထမျးဟောငျး နှဈဦးကို အမရေိကနျ အရေးယူ

Twitter ဝန်ထမ်းဟောင်း နှစ်ဦးနဲ့ တခြားတစ်ဦးကို ဆော်ဒီ အာရေဗျ တော်ဝင်မိသားစုအတွက် သူလျှိုလုပ်ပေးမှု စွပ်စွဲချက်နဲ့ အမေရိကန် အစိုးရက အရေးယူထားပါတယ်။

Twitter ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ အမေရိကန်နိုင်ငံသား အာမက် အဘော်အမ်မိုနဲ့ ဆော်ဒီနိုင်ငံသား အလီ အယ်လ်ဇာဘာရတ်တို့အပြင် တခြားတစ်ဦးဖြစ်တဲ့ အာမက် အယ်လ်မူတိုင်ရီတို့ကို ပုဂ္ဂလိက သတင်းအချက်အလက်တွေ လိမ်လည်ရယူမှု၊ နိုင်ငံခြားအစိုးရအတွက် သူလျှိုလုပ်မှုတို့နဲ့ စွဲချက်တင်ထားတာပါ။

ဒါ့အပြင် သူတို့ကို အဖျက်အမှောင့်လုပ်မှု၊ ဖက်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးမှုတွေကို လိမ်လည်ထွက်ဆိုမှု၊ ရာဇဝတ်မှုကို အားပေးကူညီမှု စတဲ့ စွဲချက် ခုနစ်ခုနဲ့လည်း တရားစွဲခံထားရပါတယ်။

ဝန်ထမ်းနှစ်ဦးကို Twitter ကလည်း အများပြည်သူ သိဖို့မဟုတ်တဲ့ ကုမ္ပဏီရဲ့အချက်နဲ့ Twitter account တွေကို ဆော်ဒီ အစိုးရနဲ့ ဆော်ဒီ တော်ဝင်မိသားစုထံပေးမှုနဲ့ စွပ်စွဲထားပြီး အခု အမေရိကန် အစိုးရရဲ့ စွဲချက်တွေနဲ့ အလားတူဖြစ်ပါတယ်။

Twitter ဝန်ထမ်းဟောင်းနှစ်ဦးဟာ ဖုန်းနံပါတ်တွေ၊ IP လိပ်စာတွေ၊ အသုံးပြုတဲ့ ကိရိယာတွေ၊ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ သုံးစွဲသူရဲ့ browser အချက်အလက်တွေ၊ သုံးစွဲသူရဲ့ လုပ်ဆောင်ချက်တွေကို Twitter ရဲ့ တာဝန်ရှိသူတွေ သဘောတူညီချက် မပါဘဲ ယူခဲ့ကြတယ်လို့ အရင်ကတည်းက စွပ်စွဲခံထားရတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)