ဘော်လ်တီမိုးဆေးရုံက ICU အကြီးအကဲ COVID-19 ရောဂါကြောင့် သေဆုံး

0
662

အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့က ဆေးရုံတစ်ရုံရှိ အထူးကြပ်မတ် ကုသဆောင် (ICU) အကြီးအကဲ ဆရာဝန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသွားပါတယ်။

ဒေါက်တာ ဂျိုးဇက် ကိုစတာဟာ မာစီ ဆေးဌာနမှာ COVID-19 ရောဂါကူးစက်သူတွေကို ကုသတဲ့ အထူးကြပ်မတ်ကုသဆောင် အကြီးအကဲဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့က အသက် ၅၆ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။ သူဟာ သူရဲ့ အတူနေ လိင်တူချစ်သူ လက်ပေါ်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သူ့ချစ်သူက သူ့ကို ဆေးရုံမသွားဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာ ကိုစတာရဲ့ ချစ်သူ အသက် ၂၈ နှစ်အရွယ် ဒေးဗစ် အာရ် ဟတ်က ဒေါက်တာ ကိုစတာကို အလုပ်မသွားဖို့ တောင်းပန်ခဲ့ကြောင်း၊ လူနာတွေကို နှာခေါင်းစည်း မတပ်ဘဲ လိုက်လံ ကြည့်ရှုနေလို့ စိတ်မနှံ့တော့ဘူးလားလို့ မေးခဲ့ရကြောင်း ပြောပါတယ်။ ဟတ်ဟာလည်း COVID-19 ရောဂါ ကူးစက်နေပါတယ်။

ဒေါက်တာ ကိုစတာဟာ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဆိုတာထက် ပိုကြောင်း၊ အားလုံးအတွက် မိတ်ဆွေ အစစ်အမှန်လည်း ဖြစ်ကြောင်း၊ မကျန်းမာတဲ့လူနာတွေကို ကုသဖို့ သူ့ဘဝနဲ့ အလုပ်အပေါ် နှစ်မြှုပ်ထားသူဖြစ်ကြောင်း ဆေးရုံဘုတ်အဖွဲ့အမှုဆောင် ဥက္ကဋ္ဌဖြစ်တဲ့ သူနာပြုဆရာမကြီး ဟယ်လင် အာမို့စ်၊ ဆေးရုံဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ဒေးဗစ် မိုင်းတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ စတင်ချိန်ကစပြီး ဒေါက်တာ ကိုစတာဟာ ကိုယ်ကျိုးစွန့်ကာ ရှေ့တန်းက အလုပ်လုပ်ခဲ့ကြောင်း၊ အလွန်အမင်း လိုအပ်နေချိန်မှာ ဆေးရုံရှိလူနာနဲ့ မြို့ကို အပင်ပန်းခံ စောင့်ရှောက်ခဲ့သူဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမရေိကနြ ရောဂါထိနြးခွုပရြေးနှင့ြ ကာကှယရြေးဌာနက ကိုရိုနာဗိုငြးရပဈြကှောင့ြ သဆေုံးတဲ့ ကနွြးမာရေးလုပသြား ၅၇၆ ဦးခန့ြ ရှိတယလြို့ ခန့မြှနြးထားပမယေ့ြ တကယ့သြဆေုံးမှုနှုနြးက အဲဒီထကပြိုမယလြို့ ယူဆကှပါတယြ။

_________________

_________________

ဘောျလျတီမိုးဆေးရုံက ICU အကွီးအကဲ COVID-19 ရောဂါကွောငျ့ သဆေုံး

အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့က ဆေးရုံတစ်ရုံရှိ အထူးကြပ်မတ် ကုသဆောင် (ICU) အကြီးအကဲ ဆရာဝန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးသွားပါတယ်။

ဒေါက်တာ ဂျိုးဇက် ကိုစတာဟာ မာစီ ဆေးဌာနမှာ COVID-19 ရောဂါကူးစက်သူတွေကို ကုသတဲ့ အထူးကြပ်မတ်ကုသဆောင် အကြီးအကဲဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့က အသက် ၅၆ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်။ သူဟာ သူရဲ့ အတူနေ လိင်တူချစ်သူ လက်ပေါ်မှာပဲ သေဆုံးခဲ့တာဖြစ်ပြီး သူ့ချစ်သူက သူ့ကို ဆေးရုံမသွားဖို့ တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာ ကိုစတာရဲ့ ချစ်သူ အသက် ၂၈ နှစ်အရွယ် ဒေးဗစ် အာရ် ဟတ်က ဒေါက်တာ ကိုစတာကို အလုပ်မသွားဖို့ တောင်းပန်ခဲ့ကြောင်း၊ လူနာတွေကို နှာခေါင်းစည်း မတပ်ဘဲ လိုက်လံ ကြည့်ရှုနေလို့ စိတ်မနှံ့တော့ဘူးလားလို့ မေးခဲ့ရကြောင်း ပြောပါတယ်။ ဟတ်ဟာလည်း COVID-19 ရောဂါ ကူးစက်နေပါတယ်။

ဒေါက်တာ ကိုစတာဟာ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဆိုတာထက် ပိုကြောင်း၊ အားလုံးအတွက် မိတ်ဆွေ အစစ်အမှန်လည်း ဖြစ်ကြောင်း၊ မကျန်းမာတဲ့လူနာတွေကို ကုသဖို့ သူ့ဘဝနဲ့ အလုပ်အပေါ် နှစ်မြှုပ်ထားသူဖြစ်ကြောင်း ဆေးရုံဘုတ်အဖွဲ့အမှုဆောင် ဥက္ကဋ္ဌဖြစ်တဲ့ သူနာပြုဆရာမကြီး ဟယ်လင် အာမို့စ်၊ ဆေးရုံဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ဒေးဗစ် မိုင်းတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ စတင်ချိန်ကစပြီး ဒေါက်တာ ကိုစတာဟာ ကိုယ်ကျိုးစွန့်ကာ ရှေ့တန်းက အလုပ်လုပ်ခဲ့ကြောင်း၊ အလွန်အမင်း လိုအပ်နေချိန်မှာ ဆေးရုံရှိလူနာနဲ့ မြို့ကို အပင်ပန်းခံ စောင့်ရှောက်ခဲ့သူဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့ ကျန်းမာရေးလုပ်သား ၅၇၆ ဦးခန့် ရှိတယ်လို့ ခန့်မှန်းထားပေမယ့် တကယ့်သေဆုံးမှုနှုန်းက အဲဒီထက်ပိုမယ်လို့ ယူဆကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)