COVID-19 ရောဂါ ဒုတိယလှိုင်း လာမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် သတိပေး

0
380

ဥရောပ အလယ်ပိုင်းမှာ COVID-19 ရောဂါ ဒုတိယလှိုင်း လက္ခဏာတွေ တွေ့နေရတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဗြိတိန်ကို လာမယ့် သီတင်းနှစ်ပတ်အတွင်း ဖြစ်ပေါ်လိမ့်မယ်လို့ အလွန်အမင်း စိုးရိမ်နေကြောင်း ဘောရစ် ဂျွန်ဆင်ကပြော တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အိုးလ်ဒမ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာတာကြောင့် lockdown ချမှုကို ပြန်လည် ချမှတ်ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။

ဒေါင်းနင်းလမ်းရှိ သတင်းရင်းမြစ်တစ်ခုက လူတွေဟာ ကပ်ရောဂါဖြစ်နေဆဲကာလမှာ ရှိတယ်ဆိုတာ သဘောပေါက်ဖို့လိုကြောင်း၊ ဖွင့်ပေးနေတာတွေ ဆက်လုပ်ပြီး လူတွေ အလုပ်ပြန်သွားစေချင်ပေမယ့် ဗြိတိန်ဝန်ကြီးချုပ်ဟာ အခြေအနေတွေ ဆိုးလာနေလို့ စဉ်းစားနေဆဲဖြစ်ကြောင်း ပြောပါတယ်။

အခုလို သတိပေးချက်ဟာ စပိန်နိုင်ငံကနေ ဗြိတိန်နိုင်ငံသား ထောင်နဲ့ချီ ပြန်လာပြီးနောက် ၁၄ ရက်ကြာ quarantine ဝင်ဖို့ ဗြိတိန် ဝန်ကြီးချုပ် ဂျွန်ဆင်က ညွှန်ကြားပြီးနောက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗှိတိနနြိုငငြံမှာ ကိုရိုနာဗိုငြးရပဈြ ကူးစကသြူ ၃ သိနြးကွောနြဲ့ ဗိုငြးရပဈြကှောင့ြ သဆေုံးသူ ၄၅၈၇၈ ဦး ရှိနပေါတယြ။

___________________


___________________

COVID-19 ရောဂါ ဒုတိယလှိုငျး လာမယျလို့ ဗွိတိနျဝနျကွီးခြုပျ သတိပေး

ဥရောပ အလယ်ပိုင်းမှာ COVID-19 ရောဂါ ဒုတိယလှိုင်း လက္ခဏာတွေ တွေ့နေရတယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဗြိတိန်ကို လာမယ့် သီတင်းနှစ်ပတ်အတွင်း ဖြစ်ပေါ်လိမ့်မယ်လို့ အလွန်အမင်း စိုးရိမ်နေကြောင်း ဘောရစ် ဂျွန်ဆင်ကပြော တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အိုးလ်ဒမ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာတာကြောင့် lockdown ချမှုကို ပြန်လည် ချမှတ်ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။

ဒေါင်းနင်းလမ်းရှိ သတင်းရင်းမြစ်တစ်ခုက လူတွေဟာ ကပ်ရောဂါဖြစ်နေဆဲကာလမှာ ရှိတယ်ဆိုတာ သဘောပေါက်ဖို့လိုကြောင်း၊ ဖွင့်ပေးနေတာတွေ ဆက်လုပ်ပြီး လူတွေ အလုပ်ပြန်သွားစေချင်ပေမယ့် ဗြိတိန်ဝန်ကြီးချုပ်ဟာ အခြေအနေတွေ ဆိုးလာနေလို့ စဉ်းစားနေဆဲဖြစ်ကြောင်း ပြောပါတယ်။

အခုလို သတိပေးချက်ဟာ စပိန်နိုင်ငံကနေ ဗြိတိန်နိုင်ငံသား ထောင်နဲ့ချီ ပြန်လာပြီးနောက် ၁၄ ရက်ကြာ quarantine ဝင်ဖို့ ဗြိတိန် ဝန်ကြီးချုပ် ဂျွန်ဆင်က ညွှန်ကြားပြီးနောက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ သိန်းကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅၈၇၈ ဦး ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)