အသက် ၉၈ အရွယ် ဂရိဝန်ကြီးချုပ်ဟောင်း သေဆုံး

0
422

ဂရိဝန်ကြီးချုပ်ဟောင်း Mitsotakis ဟာ ဒီကနေ့ မေလ ၂၉ ရက်နေ့မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ထင်ရှားတဲ့  နိုင်ငံရေးသမားဟောင်းတစ်ဦး ဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၉၈နှစ်ရှိနေခဲ့ပါပြီ။

Mitsotakisဟာ  ဂရိနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် ၁၉၉၀ ကနေ ၁၉၉၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူ့ကို ၁၉၁၈ ခုနှစ် အောက်တိုဘာလမှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်မှာ လစ်ဘရယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပထမဆုံး စတင်ရွေးကောက်ခံခဲ့ရတာပဲဖြစ်ပါတယ်။

သူဟာ စီးပွားရေးနဲ့ ဥပဒေ တက္ကသိုလ် က ဘွဲ့ယူခဲ့ ပြီး  နယူးဒီမိုကရေစီပါတီ ရဲ့ ခေါင်းဆောင်မဖြစ် ခင်  ဓမ္မတေးသီချင်း တွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း ဘ၀ကနေ ၂၀၀၄ ခုနှစ်မှာ အနားယူခဲ့ပြီးနောက် နယူးဒီမိုကရေစီပါတီရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)