သီရိလင်္ကာနိုင်ငံ မိုးကြီးရေလျှံမှု သေဆုံးသူ ၂၀၀ အထိရှိလာ

0
300

သီရီလင်္ကာ နိုင်ငံမှာပြီးခဲ့တဲ့ ရက်ပိုင်းက မိုးကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ ၂၉ ရက်နေ့ အတွင်းမှာ သေဆုံးသူ  ၂၀၀ နီးပါးရှိလာခဲ့ပါပြီ။

ဒီိလို သေဆုံးမှုတွေဟာ ကမ္ဘာတစ်လွှားမှာ ဖြစ်ပွားနေတာဖြစ်ပြီး နိုင်ငံတိုင်းလိုလို ဆိုးဝါးတဲ့သဘာဝ ဘေးအန္တရာယ်ကို ခံစားနေရတာပဲဖြစ်ပါတယ်။

ရေကြီးနေတဲ့ အခြေအနေကြောင့် လျှပ်စစ်မီးတွေကို ဖြတ်တောက်ထားရပြီး မနေ့အထိ ဆန်ကလွဲလို ကျန်တာ ဘာမှမရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သီရိလင်္ကာအစိုးရတော့ ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အကူအညီ ပေးဖို့တောင်း ဆိုထား ပါတယ်။လာမဲ့ရက်ပိုင်းအထိ မိုးဆက်လက်ရွာနိုင်တယ်လို့ မိုးလေ၀သကျွမ်းကျင်သူတွေက ပြောဆို ထားပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)