တောင်းဆိုချက်တွေ များလို့ မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒယ်တန်တို့ရဲ့ အိမ်တော်ထိန်း အလုပ်ထွက်

0
305

တောင်းဆိုချက်တွေ များလွန်းတဲ့အတွက် ဗြိတိသျှ မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကိတ် မစ်ဒယ်တန်တို့ရဲ့ အိမ်တော်ထိန်းဟာ လုပ်ခလစာ ၃ သောင်း ၅ ထောင် ရရှိတဲ့ အလုပ်ကနေ နုတ်ထွက်လိုက်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဆာဒီ ရိုက်စ်ဟာ အိမ်တော်ထိန်းအဖြစ် သန့်ရှင်းရေး၊ လျှော်ဖွတ်မှု၊ ဈေးဝယ်နဲ့ ချက်ပြုတ်မှု တချို့ကို စီမံရသူ ဖြစ်ပါတယ်။

သူတို့ စုံတွဲ အချိန် သုံးပုံ နှစ်ပုံ နေထိုင်လေ့ရှိတဲ့ ကိန်းဘရစ်၊ အမ်မာဟောလ်ရှိ အိပ်ခန်း ၁၀ ခန်းပါ အိမ်မှာ အလုပ်လုပ်ရတာ ဖြစ်ပြီး တခါတလေ ကင်ဆင်တန် နန်းတော်မှာလည်း အလုပ်လုပ်ရပါသေးတယ်။

ဆာဒီက အလုပ်ကြိုးစားပေမယ့် တောင်းဆိုမှုတွေက များလွန်းနေတယ်၊ အမ်မာဟောလ်မှာသာ မက ကင်ဆင်တန် နန်းတော်မှာပါ အလုပ်လုပ်ပေးရလို့ ဆာဒီ့အနေနဲ့ မနားရဘူးလို့ တော်ဝင်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဆာဒီ့အနေနဲ့ ပြင်ပ ကိုယ်ပိုင်အချိန် မရှိသလောက် ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)