အဓမ္မကျင့်ခံရသည့် ပါကစ္စတန် မိန်းကလေးကို ကျေးရွာ ခုံရုံးက သေဒဏ်ချ

0
311

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှာ အစ်ကို ဝမ်းကွဲတစ်ဦးက သေနတ်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးကို ကျေးရွာ ခုံရုံးက ဖောက်ပြားမှုနဲ့ သေဒဏ်ချလိုက်တာမို့ ရဲကို အကူအညီတောင်းခဲ့ရပါတယ်။

အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို အဲဒီလို အမိန့်ချမှတ်တဲ့ ကျေးရွာခုံရုံးက လူ ၄ ဦးနဲ့ အဓမ္မပြုကျင့်သူကို မေလ ၂၇ ရက်နေ့မှာ ရာဂျန်ပူ ဒိစတြိတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပန်ချာရတ်လို့ ခေါ်တဲ့ ကျေးရွာ ခုံရုံးရဲ့ ဒေသဏ်ချမှတ်မှု အပြီးမှာ မိန်းကလေးဟာ ရွာကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူမရဲ့ အခန်းထဲကို အစ်ကို ဝမ်းကွဲဖြစ်သူ ခါလီအာမက်က ဝင်ရောက် သေနတ်နဲ့ ချိန်ကာ အဓမ္မပြုကျင့်တဲ့ ထွက်ဆိုချက်ကို ရွာက ခေါင်းဆောင်တွေက လက်မခံဘဲ ခုံရုံးကို တင်ပို့ခဲ့ကြောင်း ရဲကို ပြောကြားခဲ့ပါတယ်။

ပါကစ္စတန် ရဲတပ်ဖွဲ့က ပန်ချာရတ် ခုံရုံး တာဝန်ရှိသူ ၄ ဦးကို ဖမ်းဆီးထားပြီး အမှုကို စုံစမ်းစစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးကို ရာဂျန်ပူ ပြည်နယ် အမျိုးသမီး စောင့်ရှောက်ရေးဂေဟာမှာ ခေါ်ယူထားကြောင့် Times of India သတင်းဌာနက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)