ရည်းစားကို ဓားနဲ့ ထိုးသတ်မှု မလေးရှားမှာ မြန်မာတစ်ဦး အဖမ်းခံရ

0
290

အသက် ၂၈ နှစ်အရွယ် ရည်းစားဖြစ်သူကို ဓားနဲ့ အချက်များစွာ ထိုးသတ်မှုကြောင့် မလေးရှားနိုင်ငံ၊ ဘူကစ် တန်ဂါ၊ တာမန် ဘယ်လင်ဘင်မှာ မြန်မာတစ်ဦး ဖမ်းဆီးခံရပါတယ်။

အသက် ၂၆ နှစ်အရွယ် အဲဒီ အမျိုးသားဟာ သူ့ရည်စားဖြစ်သူ မတင်မာမိုးက တခြားတယောက်နဲ့ ချစ်ကြိုက်နေတာကို သိရှိပြီးနောက် မနာလိုဖြစ်ကာ ဓားနဲ့ ထိုးသတ်လိုက်တာ ဖြစ်ပါတယ်။

သူဟာ မတင်မာမိုး အဆောင်ပြန်လာချိန်ကို မေလ ၂၆ ရက်နေ့ ည ၇ နာရီခွဲမှာ စောင့်ဆိုင်းနေခဲ့ပါတယ်။ မတင်မာမိုးဟာ သူ့ကိုမြင်ပြီး ထွက်ပြေးချိန်မှာ လိုက်လံဖမ်းဆီးပြီး ဗိုက်ကို ဓားနဲ့ အချက်ပေါင်း များစွာ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း တရားခံကို ဖမ်းမိခဲ့တယ်လို့ ရဲအကြီးအကဲ နစ်ရို့စ် အာဇန်နစ် အဗ္ဗဒူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)