သြစတြေးလျနိုင်ငံက တိရစ္ဆာန်ရုံမှာ ၇ နှစ်အတွင်း အာရှဆင်တစ်ကောင်မွေးဖွား

0
273

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ တာရွန်ဂါ (Taronga)  တိရစ္ဆာန်ရုံမှာ   ရောက်ရှိနေတဲ့  အာရှဆင်တွေထဲမှာ  ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်  မေ ၂၆ ရက်နေ့က  ဆင်ပေါက်လေး တစ်ကောင်မွေးဖွားခဲ့ပါတယ်။

အဲ့ဒီဆင်ပေါက်လေးဟာ  ကိုယ်အလေးချိန်ပေါင်  ၂၉၀  နီးပါးရှိပြီး  ဆင်ထီးလေးကို  နာမည်ပေးထားခြင်း မရှိသေးကြောင်းနဲ့ မိခင်ဖြစ်သူဟာ ၂၀၁၀ ခုနှစ်ကမှာ သူတို့တိရစ္ဆာန်ရုံကိုရောက်ရှိလာတာဖြစ်ကြောင်း တာဝန်ရှိသူတွေက  ပြောဆိုခဲ့ပါတယ်။

အာရှနိုင်ငံတွေမှာ  ဆင်တွေကျက်စားရာ နေရာရှားပါးလာမှု နဲ့ ခိုးယူသတ်ဖြတ်တာတွေကြောင့်  အာရှဆင်အ ရေအတွက် ကျဆင်းလာနေပြီး လက်ရှိအချိန်မှာတောင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကောင်ရေ ၃ သောင်းမှ ၅ သောင်းအတွင်းပဲ ရှိတယ်လို့ တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေက ခန့်မှန်းပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)