မြောက်ကိုရီးယား နောက်ဆုံးပစ်လွှတ်တဲ့ ဒုံးကျည်သစ် ဂျပန်ပြည်သူတွေ စိုးရိမ်

0
281

မြောက်ကိုရီးယားနိုင်ငံက  ၉ ကြိမ်မြောက် နောက်ဆုံး ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဂျပန်ပင်လယ်ထဲ ကျရောက်ခဲ့ပြီးနောက်ပိုင်း   ဒီအခြေအနေကို  ဂျပန်ပြည်သူတွေစိုးရိမ်နေကြပါတယ်။

အဲ့ဒီ စကတ် အမျိုးအစားလို့ ယူဆရတဲ့ ဒုံးကျည်ဟာ ဂျပန်နိုင်ငံစက်မှုဇုန်နဲ့ မိုင် ၂၈၀ အကွာ ပင်လင်ပြင်မှာ ကျရောက် ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ ကမ်းရိုးတန်းဘက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်  စမ်းသပ်မှုတွေကို  ပိုပြီးစိုးရိမ်နေကြတဲ့ အခြေအနေမှာ ရှိပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ပိတ်ဆိုမှုအင်အားနဲ့ ခြိမ်းခြောက်မှုတွေကို အံတုပြီး အပြစ်တွေ ထပ်တလဲလဲ လုပ်ဆောင်နေတာဖြစ်တဲ့ အတွက်ကြောင့် တခြား အင်အားကြီးနိုင်ငံတွေကပါ အရေးယူ ဟန့်တားပေးဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ပြောဆိုလိုက်ပါတယ်။

အဲ့ဒီစမ်းသပ်မှုကို မေ ၂၁ ရက်နေ့ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ပစ်လွှတ်လိုက်တဲ့ ၏ဒုံးကျည်ဟာ  လေယာဉ်ကို ပစ်လွှတ်မဲ့ လက်နက်အသစ်ဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)