မျိုးသုန်းလူသားရဲ့ ဒီအန်အေ ကျောက်ဂူအတွင်းမှာ တွေ့ရှိ

0
317

ကျောက်ဖြစ်ရုပ်ကြွင်းအရိုးစုကို မတွေ့ရနိုင်တဲ့အခြေအနေမှာတောင် ကျောက်ဂူအတွင်းမှာ အနည်ကျနေတဲ့အရာတွေကနေ မျိုးသုန်းသွားပြီဖြစ်တဲ့ ရှေးဦးလူတို့ရဲ့ ဒီအန်အေကို ရရှိနိုင်ကြောင်း သိရှိရပါတယ်။

ရှေးဟောင်းသုတေသန လေ့လာရေးဆိုက်ဒ် ၇ ခုကနေ ရယူထားတဲ့ အနည်ကျနေတဲ့ အရာဝတ္ထုနမှုနာတွေကနေ မျိုးရိုးဗီဇတွေကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ရှေးဦးလူတွေရဲ့ကြွင်းကျန်ခဲ့တဲ့အရိုးစုကို ပညာရှင်တွေ သိပ်မတွေ့ရှိရတတ်တာကြောင့် လက်မှုပညာဆိုင်ရာ ပစ္စည်းတွေပဲ ရခဲ့တဲ့ဆိုက်ဒ်တွေမှာ နေထိုင်ရှင်သန်ခဲ့ သူတွေအကြောင်းကို အခုအသစ်တွေ့ရှိမှုက ပိုပြီးလေ့လာခွင့်ရစေမှာဖြစ်ပါတယ်။

အဆိုပါအသစ်တွေ့ရှိမှုကို နာမည်ကျော် ပညာရပ်ဆိုင်ရာမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Science မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
စပိန်နိုင်ငံ၊ မတ်ဒရစ်မြို့ရှိ သဘာဝသိပ္ပံပြတိုက်က သိပ္ပံပညာရှင် အန်တိုနီယိုရိုဆာက “ အခုတွေ့ရှိမှုက သိပ္ပံပညာနယ်ပယ်မှာ အများကြီး အကျိုးပြုမှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အခုတွေ့ရှိမှုကြောင့် ဘယ်လိုရှေးဦးလူသားမျိုးစိတ်က ဂူအောင်းကာလအတွင်းမှာ ဘယ်လိုနေရှင်သန်ခဲ့ကြတယ်ဆိုတာကို အရိုးနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုတွေ မရဘဲနဲ့ တွက်ဆသိရှိနိုင်စေမှာ ဖြစ်ကြောင်းလည်း အန်တိုနီရိုက ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)