ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုအဆုံးသတ်ဖို့ အင်ဒိုနီးရှားအစိုးရကို မူဆလင်အမျိုးသမီးတွေ တောင်းဆို

0
298

 

ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုကိုအဆုံးသတ်ပေးဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက အဓိက အမျိုးသမီးရေးရာအဖွဲတစ်ဖွဲ့က အစိုးရကိုတောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံးမူဆလင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးတွေ ရဲ့လက်ထပ်နိုင်တဲ့အသက်အရွယ်ကို အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အထိတိုးမြှင့်ပေးဖို့ကိုလည်း အဲဒီအဖွဲ့ကတောင်းဆိုလိုက်ပါတယ်။

လက်ရှိဥပဒေအရ အင်ဒိုနီးရှားနိုင်ငံမှာ တရားဝင်လက်ထပ်ထိမ်းမြားနိုင်တဲ့ အနိမ့်ဆုံးအသက်အရွယ်ဟာ ၂၁ နှစ်ဖြစ်ပေမယ့် မိဘတွေရဲ့သဘောတူညီမှုပါရှိရင်အမျိုးသားတွေဟာ အသက် ၁၉ နှစ်မှာလက်ထပ်ခွင့်ရှိပြီးအမျိုးသမီးတွေကတော့ အသက် ၁၆ နှစ်မှာလက်ထပ်နိုင်ပါတယ်။

မိဘတွေအနေနဲ့ မိမိသားသမီးတွေကို သက်ဆိုင်ရာပြည်နယ်တွေက ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ရုံးတွေက နေခွင့်ပြုချက်ရယူပြီး အသက်ငယ်ရွယ်သေးစဉ်မှာပဲ လက်ထပ်ပေးနိုင်ပြီး လက်ရှိမှာလည်း အဲဒီအတိုင်းပဲ လုပ်ဆောင်နေကြပါတယ်။

အသက်ငယ်ရွယ်စဉ်မှာ အိမ်ထောင်ပြုပေးတဲ့ကိစ္စဟာ မိဘ တွေနဲ့ အဲဒါကိုခွင့်ပြုပေးထားတဲ့ လူ့အဖွဲ့အစည်းနှစ်ခုလုံးမှာ တာဝန်ရှိတယ် လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ဘာသာရေးဝန်ကြီး လွတ်ခ်မန်းဟာကင်ဆိုင်ဖူဒင် ကဆိုပါတယ်။

လက်ရှိမှာအဲဒီအမျိုးသမီးအဖွဲ့ဟာ အင်ဒိုနီးရှားအစိုးရအနေနဲ့ အမျိုးသမီးတွေ အပေါ်လိင်ပိုင်း ဆိုင်ရာနှောင့်ယှက်စော်ကားမှုတွေနဲ့ အကြမ်းဖက်မှုတွေကို ပိုပြီးကာကွယ်ပေးနိုင်ဖို့တောင်းဆို မှုတွေပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)