မြောက်ကိုရီးယားအရေး လုပ်ဆောင်မှု ရှီကျင်းဖျင်ကို သမ္မတထရန့် ချီးကျုး

0
360

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ တိုင်းပြည်ကိုချစ်သူဖြစ်ပြီး မြောက်ကိုရီးယားအရေးကို ကိုင်တွယ်မှုမှာ ချီးကျုးစရာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

သမ္မတထရန့်က မြောက်ကိုရီးယားအရေးကို သံတမန်နည်းနဲ့ ဖြေရှင်းဖို့ လိုလားပေမယ့်လည်း သိပ်ကိုခက်ခဲနေပြီး မလွှဲမရှောင်သာတဲ့ ပဋိပက္ခ ကြီးကြီးမားမား ဖြစ်လာနိုင်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ကင်ဂျုံအန်းအနေနဲ့ အသက်ငယ်ငယ်ရွယ်ရွယ်မှာ မြောက်ကိုရီးယားရဲ့အာဏာကိုလွှဲပြောင်းရယူခဲ့ရတာ သိပ်ကိုခက်ခဲ မှာဖြစ်ကြောင်း သမ္မတထရန့်က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရီဇ်တီလာဆန်ကတော့ နောက်ထပ်နျူကလီယား စမ်းသပ်ချက်တွေ ပြုလုပ်မယ်ဆိုရင် မြောက်ကို ရီးယားကို ပိတ်ဆို့အရေးယူမှုပြုလုပ်သွားမယ်လို့ တရုတ်ကပြောကြောင်း ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ခံရပြီးမကြာခင်မှာဘဲ မစ္စတာထရန့်က တရုတ်အစိုးရဟာ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိတာကြောင့် အမေရိကန်အနေနဲ့ တစ်ကိုယ်တော်လုပ်ဆောင်ရဖွယ်ရှိနေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်မှာပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာတော့ မစ္စတာထရန့်က တရုတ်သမ္မတဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေဖြစ်ပေါ်မှာ ကို လုံးဝမလိုလားကြောင်း သမ္မတထရန့်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)