ဒုံးကျည်ကာကွယ်ရေး စနစ်အတွက် တောင်ကိုရီးယားက ဒေါ်လာ ၁ ဘီလျံပေးရမယ်

0
321

မြောက်ကိုရီးယားရဲ့ဒုံးကျည်ရန်ကို ကာကွယ်ဖို့ အမေရိကန်ရဲ့အဆင်မြင့်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် (THAAD)ကို အသုံးပြု တဲ့အတွက် ဒေါ်လာ ၁ဘီလျံပေးရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂျီယွန်ဆန်းပြည်နယ်ရှိ ဆိုအွန်ဂျီဒေသမှာ အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ် (THAAD) ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ အပြီးသတ်တပ်ဆင်မှုတွေကို ညတွင်းချင်း အပြီးအစီးပြုလုပ်ခဲ့တာကြောင့် လက်ရှိ ယာယီသမ္မတနဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဟောင်ကျိုအန်းနဲ့ ကာကွယ်ရေးဝန်ကြီး ဟန်မင်ကိုတို့ကို ဝေဖန်ပြစ်တင်နေကြပါတယ်။

နိုင်ငံခြားရေး မှုဝါဒအကြံပေးဖြစ်ကနေ သမ္မတအဖြစ်ရွေးကောက်ခံမယ့် မွန်ဂျေအင်းက ဒုံးခွင်းဒုံးစနစ်အတွက် ပိုက်ဆံပေးဖို့ဆိုတာကတော့ မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

မွန်ဂျေအင်းက “ THAAD ကို ကျွန်တော်တို့ ၀ယ်မယ်ဆိုရင်တောင် စနစ်ထိန်းချုပ်မှု က အမေရိကန်လက်ထဲမှာပဲ ရှိနေဦးမှာပါ၊ ဒါကြောင့် ၀ယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး” လို့ တောင်ကိုရီးယားတာဝန်ရှိသူတစ်ဦး က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)