ခြိုးခြံချွှေတာရေးအစီအစဉ်ကြောင့် ဘရာဇီးနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာဆန္ဒထုတ်ဖော်မှု ဖြစ်ပွား

0
332

အစိုးရရဲ့ခြွုးခြံချွေတာရေးအစီအစဉ်ကြောင့် ဧပြီလ ၂၈ ရက်နေ့က ဘရာဇီးနိုင်ငံရဲ့ မြို့ကြီးအများအပြားမှာ ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားသမဂ္ဂ တွေကဦးဆောင်တဲ့ ပြင်းထန်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ကျောင်းနဲ့ရုံးတွေလည်းပိတ်ထားရပြီး လမ်းပန်းဆက်သွယ်ရေး တွေလည်းပြတ်တောက်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့တဲ့မြို့အများအပြားမှာဆန္ဒထုတ်ဖော်သူတွေနဲ့ရဲတွေအကြားတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ မျက်ရည်ယိုဗုံးတွေအသုံးပြုခဲ့ရပါတယ်။

ဆန္ဒထုတ်ဖော်သူတွေကလည်း လေဆိပ်နဲ့ဘူတာရုံတွေကို ပိတ်ဆို့ ထားခဲ့ကြတာပါ။ဘရာဇီးပြည်သူတွေဟာ ဘရာဇီးသမ္မတ မီရှယ်တမ်မာရဲ့ပင်စင်နဲ့ပတ်သက်တဲ့လုပ်ဆောင်မှုအပေါ်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဘရာဇီးသမ္မတ တမ်မာ က ပင်စင်ယူရမယ့် အသက်အရွယ် ကို ထပ်မံတိုးမြှင့်ပြီး ပင်စင်လစာ ကိုလျှော့ချဖို့ လုပ်ဆောင်မှုအပေါ်မှာ ဘရာဇီးပြည်သူတွေက အကျေမနပ်ဖြစ်ခဲ့ကြတာပါ။

ဒီဆန္ဒထုတ်ဖော်မှုတွေကိုဧပြီလ၂၈ ရက်နေ့ညသန်းခေါင်ကနေစတင်ခဲ့တာဖြစ်ပြီး မေလ ၁ ရက်နေ့မှာကျရောက်မယ့် အလုပ်သမားနေ့ထိဆက်လက်ပြုလုပ်သွားကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)