အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီး ဦးအောင်ထူးကို(IOM) အကြီးအကဲ လာရောက်တွေ့ဆုံ

0
514

အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီး ဦးအောင်ထူးကို International Organization for Migration (IOM) အကြီးအကဲ Mr. Mark Getchell က လာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပြီးတဲ့ ဘန်ဂျီနာက လူကုန်ကူးခံ ရေလုပ်သား ၅၁၄ ဦးကို ပြန်လည် ထူထောင်ရေးအကူအညီတွေ ပေးအပ်နိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး၊ မကြာခင်မှာ အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ Saumlaki ကျွန်း မြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအယောက် (၂၀) ကို ပြန်လည်ပို့ဆောင်ရေးနဲ့ အကူအညီပေးအပ်ရေး အင်ဒိုနီးရှားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)