ငလျင်ဘေးအန္တရာယ်ကြောင့် ကူမာမိုတိုတက္ကသိုလ်က မြန်မာကျောင်းသူ/သားတွေ လုံခြုံတဲ့နေရာကိုပြောင်းရွှေ့

0
471

၂ဝ၁၆ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ နဲ့ ၁၆ ရက်နေ့တွေမှာ ကိတကျူရှူးကျွန်း၊ ကူမာမိုတိုခရိုင်အနီး ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးအန္တရာယ်ကြောင့် ကူမာမိုတိုတက္ကသိုလ်မှာ ပညာ သင်ကြားနေတဲ့ မြန်မာကျောင်းသူ/ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ၁၆ ရက်နေ့ နေ့လည် ၁နာရီ နဲ့ ၃ နာရီ မှာ နှစ်ဖွဲ့ခွဲပြီး ပိုမိုလုံခြုံတဲ့နေရာဖြစ်တဲ့ ကိတကျူရှူးဘက်ကို ပြောင်းရွှေ့ထွက်ခွာခဲ့ကြပါတယ်။ ညနေ ၇ နာရီဝန်းကျင်လောက်မှာ ကိတကျူရှူးသို့ရောက်ရှိပြီး JICA Kyushu International Center မှာ ခတ္တ နေထိုင် နေတယ်လို့သိရပါတယ်။ ဂျပန်နိုင်ငံ ကူမာမိုတိုခရိုင်မှာ ပြင်းအား 7.3 ရှိတဲ့ ငလျှင်နဲ့ တခြားနောက်ဆက်တွဲ ငလျှင်တွေလှုပ်ခပ်ခဲ့တာဖြစ်ပြီး အဲဒီဒေသတွင်းမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားနဲ့ မိသားစုတွေ ဘေးကင်းလုံခြုံခဲ့တယ်လို့ ဂျပန်နိုင်ငံ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ကူမာမိုတိုခရိုင်ဒေသတွင်းက ကျူရှူးတက္ကသိုလ်၊ ဆာဂါတက္ကသိုလ်တွေမှာ ကျောင်းတက်နေကြတဲ့ မြန်မာကျောင်းသားတွေရှိနေတာဖြစ်ပြီး အဲ့ဒီတက္ကသိုလ်တွေက စီစဉ်ပေးတဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေနဲ့ ဂျပန်အစိုးရက စီစဉ်ပေးတဲ့ ကယ်ဆယ်ရေးစခန်းတွေကြောင့် ဘေးကင်းလုံခြုံနေပြီဖြစ်တယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)