ဂျပန်နိုင်ငံရဲ့ COVID-19 နောက်ဆုံးသတင်းများ

0
264

-တိုကျိုမြို့မှာတော့ COVID-19 ရောဂါကူးစက်သူ အသစ် ၂၆ဉီး ရှိတယ်လို့ တိုကျိုမှလာတဲ့ သတင်းတွေအရ သိရပါတယ်။

-ရောဂါကူးစက်သူအသစ် ထပ်မံတိုးပွားလာမှုအပေါ်မူတည်ပြီး ဂျပန်နိုင်ငံ တစ်ဝန်းကို လော့ခ်ဒေါင်းချမယ်လို့ ဂျပန်နိုင်ငံကျန်းမာရေးဝန်ကြီးက ပြင်းထန်စွာ သတိပေးခဲ့ပြီး စနေနေ့ကတော့ COVID-19 ရောဂါကူးစက်သူ အသစ် တစ်နိုင်ငံလုံးမှာ ၆၀ဉီးထပ်မနည်း ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီနေ့တနင်္ဂနွေနေ့မှာ တိုကျိုမြို့ပေါ်မှာ အသွားအလာနည်းပါးသွားတယ်လို့ သိရပါတယ်။

-အစိုးရကတော့ ဝန်ထမ်းများကို နေအိမ်မှပဲ အလုပ်လုပ်ကြဖို့ နှိုးဆော်ထားပါတယ်။

-ဒီနေ့တနင်္ဂနွေမှာ တိုကျိုတစ်ဝန်းမှာ နှင်းများစွာ ကျဆင်းခဲ့ပါတယ်။ မနက်ခင်းမှာ အနုတ် ၁ ဒီကရီစင်တီဂရိတ်အောက်ကို ကျဆင်းပြီးနောက် နှင်းများထူထပ်စွာ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ် ၂၄ နာရီအတွင်း တနင်္လာနေ့အထိ နှင်းများကျဆင်းမယ်လို့ တိုကျိုမိုးလေဝသက ကြေငြာထားပါတယ်။ ဒီလို ရာသီဥတု ဆိုးရွားနေချိန်မှာ ကျန်မာရေးကို အထူးဂရုစိုက်ဖို့လည်း အစိုးရ ကြော်ငြာနေပါတယ်။

-ဂျပန်လူမျိုးများ အထွတ်အမြတ်ထားတဲ့ ချယ်ရီပန်းကြည့်ပွဲတော်များကို ကျင်းပကြတော့မှာဖြစ်တဲ့ အတွက် အဆိုပါ ပွဲမကျင်းပရန်အစိုးရ တားမြစ်ထားပြီးဖြစ်သော်လည်း COVID-19 ရောဂါကူးစက်သူ အသစ်များတိုးပွားလာနေတာကြောင့် ဂျပန်နိုင်ငံတစ်ဝန်းကို လော့ခ်ဒေါင်းချရန် ပြင်ဆင်နေပြီလို့ အစိုးရနဲ့ နီးစပ်သူများထံမှ သတင်းကြားနေရပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)