တောင်ကိုရီးယားရဲ့ ကိုဗစ် 19 ရောဂါ နောက်ဆုံးသတင်းများ

0
176

-မတ်လ ၂၉ရက်နေ့ တနင်္ဂနွေနေ့မှာ ကိုဗစ် 19 ကူးစက်မှု အသစ် ၁၀၅ ဉီးရှိနေပြီး တစ်နိုင်ငံလုံးအနေနဲ့ (၉၅၈၃) ဉီး ရောဂါကူးစက်ခံနေရပြီး သေဆုံးသူ ၁၅၂ ဉီးရှိပြီလို့ တောင်ကိုရီးယားနိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးစင်တာက အတည်ပြု ထုတ်ပြန်ပါတယ်။

-တောင်ကိုရီးယားရဲ့ အခြားမြို့ကြီးတွေဖြစ်တဲ့ ဒယ်ဂူးမှာ ကူးစက်မှုအသစ် ၂၆ဉီးနဲ့ ဒေါင်ဆန်းမှာ ကူးစက်မှုအသစ် ၁၂ဉီးကို တွေ့ရှိနေရပါတယ်။

-ကိုဗစ် 19 ရောဂါကို ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသော ကိရိယာပစ္စည်းများထုတ်လုပ်မှု အတွက် FDA မှ အကြိုထောက်ခံမှု ရရှိထားပြီလို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုတဲ့ ကိရိယာပစ္စည်းများ အလုံအလောက်ရှိမှသာ ရောဂါကာကွယ်ရေးနဲ့ တားဆီးရေးမှာ ပိုမိုထိရောက်မှာဖြစ်တာကြောင့် တောင်ကိုရီးယားအနေနဲ့ အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆီးပေးခြင်းဖြစ်ပါတယ် ထောက်ခံချက်ရရှိပြီဆိုပါရင် အဆိုပါ ကိရိယာပစ္စည်းများကို တင်ပို့မှာဖြစ်ကာ လတ်တလောမှာတော့ တင်ပို့ရန် ၉၅ရာခိုင်နှုန်းပြင်ဆင်ထားပြီလို့ ဆိုပါတယ်။

-နိုင်ငံခြားတိုင်းပြည်များမှ ပြန်လည်ဝင်ရောက်လာကြတဲ့ တောင်ကိုရီးယားနိုင်ငံသားများအနေနဲ့ ၂ ပတ်ကြာ self-quarantine ပြုလုပ်ကြဖို့ တောင်ကိုရီးယားအစိုးရက ပြင်းထန်စွာ သတိပေးညွှန်ကြားထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးစင်တာကတော့ ဒီသတိညွှန်ကြားချက်ဟာ ဉပဒေအရ တားမြစ်တာဖြစ်ကာ ကျူးလွန်ဖောက်ဖျက်ပါက ဉပဒေအရ ပြင်းထန်စွာ အရေးယူမယ်လို့ ကြေငြာချက်ထုတ်ပါတယ်။ နိုင်ငံခြားသားများအနေနဲ့ မလိုက်နာပါက ပြည်နှင်ဒါဏ်ပေးမှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။ လတ်တလောမှာ အမေရိကနဲ့ ဉရောပတို့မှ ပြန်လာကြတဲ့ နိုင်ငံသားများ များပြားနေတာကြောင့် ဒီလိုအမိန့်ထုတ်ပြန်ခြင်းပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားရဲ့ ကိုဗစ် ၁၉ ဆိုင်ရာ နောက်ဆုံးသတင်းများ

-မတ်လ ၂၉ရက်နေ့ တနင်္ဂနွေနေ့မှာ ကိုဗစ် 19 ကူးစက်မှု အသစ် ၁၀၅ ဉီးရှိနေပြီး တစ်နိုင်ငံလုံးအနေနဲ့  (၉၅၈၃) ဉီး ရောဂါကူးစက်ခံနေရပြီး သေဆုံးသူ ၁၅၂ ဉီးရှိပြီလို့ တောင်ကိုရီးယားနိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးစင်တာက အတည်ပြု ထုတ်ပြန်ပါတယ်

-တောင်ကိုရီးယားရဲ့ အခြားမြို့ကြီးတွေဖြစ်တဲ့ ဒယ်ဂူးမှာ ကူးစက်မှုအသစ် ၂၆ဉီးနဲ့ ဒေါင်ဆန်းမှာ ကူးစက်မှုအသစ် ၁၂ဉီးကို တွေ့ရှိနေရပါတယ်

-ကိုဗစ် 19 ရောဂါကို ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုသော ကိရိယာပစ္စည်းများထုတ်လုပ်မှု အတွက် FDA မှ အကြိုထောက်ခံမှု ရရှိထားပြီလို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဓါတ်ခွဲစမ်းသပ်ရာတွင် အသုံးပြုတဲ့ ကိရိယာပစ္စည်းများ အလုံအလောက်ရှိမှသာ ရောဂါကာကွယ်ရေးနဲ့ တားဆီးရေးမှာ ပိုမိုထိရောက်မှာဖြစ်တာကြောင့် တောင်ကိုရီးယားအနေနဲ့ အဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆီးပေးခြင်းဖြစ်ပါတယ် ထောက်ခံချက်ရရှိပြီဆိုပါရင် အဆိုပါ ကိရိယာပစ္စည်းများကို တင်ပို့မှာဖြစ်ကာ လတ်တလောမှာတော့ တင်ပို့ရန် ၉၅ရာခိုင်နှုန်းပြင်ဆင်ထားပြီလို့ ဆိုပါတယ်။

-နိုင်ငံခြားတိုင်းပြည်များမှ ပြန်လည်ဝင်ရောက်လာကြတဲ့ တောင်ကိုရီးယားနိုင်ငံသားများအနေနဲ့ ၂ ပတ်ကြာ self-quarantine ပြုလုပ်ကြဖို့ တောင်ကိုရီးယားအစိုးရက ပြင်းထန်စွာ သတိပေးညွှန်ကြားထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးစင်တာကတော့ ဒီသတိညွှန်ကြားချက်ဟာ ဉပဒေအရ တားမြစ်တာဖြစ်ကာ ကျူးလွန်ဖောက်ဖျက်ပါက ဉပဒေအရ ပြင်းထန်စွာ အရေးယူမယ်လို့ ကြေငြာချက်ထုတ်ပါတယ်။ နိုင်ငံခြားသားများအနေနဲ့ မလိုက်နာပါက ပြည်နှင်ဒါဏ်ပေးမှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။ လတ်တလောမှာ အမေရိကနဲ့ ဉရောပတို့မှ ပြန်လာကြတဲ့ နိုင်ငံသားများ များပြားနေတာကြောင့် ဒီလိုအမိန့်ထုတ်ပြန်ခြင်းပါ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)