မိုဆူးလ်က အရပ်သားသေဆုံးမှု အမေရိကန်မှာ တာဝန်မကင်း

0
297

အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့အနီးမှာ မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးခဲ့ရမှုမှာ မဟာမိတ်တပ် ပေါင်းစုတွေနဲ့ သက်ဆိုင်နေနိုင်ကြောင်း အမေရိကန် ဗိုလ်ချုပ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

အဆိုပါနေ့ရက်မှာ အမေရိကန်လေကြောင်း တိုက်ခိုက်မှု အီရတ်နိုင်ငံ၊ မိုဆူးလ်မြို့ ပတ်ဝန်းကျင်မှာ ပြုလုပ်ခဲ့ကြောင်း ဒုဗိုလ်ချုပ် စတီဖန်တောင်းဆန့်ဒ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ တာဝန်မကင်းဆိုတာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်လို့ သူက ပြောဆိုခဲ့ပြီး ဒါဟာ မရည်ရွယ်တဲ့စစ်ပွဲအတွင်း မတော်တဆမှုတစ်ခု ဖြစ်နေနိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ အဆောက်အအုံ့ကို အိုင်အက်စ်အဖွဲ့က ဗုံးတွေတပ်ဆင်ထားခဲ့တာလည်း ဖြစ်နိုင်ကြောင်းသူက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

အိုင်အက်စ် အကြမ်းဖက် သမားတွေဘက်က လက်ဖြောင့်သေနတ်သမားတွေနဲ့ စစ်သုံးပစ္စည်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခု ကဂျာဒီဒါ ခရိုင်အနောက်ပိုင်း၊ မိုဆူးလ်မြို့က နေအိမ်တစ်လုံးကို ထိမှန်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့တာပါ။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ လူသား ဒိုင်းအနေနဲ့ အသုံးပြုဖို့အတွက် အိုင်အက်စ်တွေက လူအနည်းဆုံး ၁၄၀ဦးခန့်ကို အဆိုပါ နေအိမ်အတွင်း အတင်းအကြပ် ၀င်ရောက်စေခဲ့တာဖြစ်ပါတယ်။။

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန် ကြည်းတပ်အကြီးအကဲ တောင်းဆန့်ဒ်က စုံစမ်းစစ်ဆေးမှုကြောင့် အတိုင်းအတာတစ်ခုအထိ တိကျတဲ့ အဖြေထွက်လာပါလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)