ပျောက်ဆုံးနေတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူ နှစ်ဦးရဲ့ အလောင်းတွေ့ရှိ

0
287

ပျောက်ဆုံးနေတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူ နှစ်ဦးရဲ့ ရုပ်အလောင်းကို ကွန်ဂိုဒီမိုကရက်တစ် ရီပတ်ဘလစ်နိုင်ငံမှာ တွေ့ရှိရကြောင်း အရာရှိတွေက ပြောကြားပါတယ်။

ပျောက်ဆုံးနေခဲ့သူ နှစ်ဦးဟာ အမေရိကန်နိုင်ငံသား မိုက်ကယ်ရှပ်နဲ့ ဆွီဒင်နိုင်ငံသူ ဇီဒါကာတာလန်တို့ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ရုပ်အလောင်းကို ကွန်ဂိုနိုင်ငံ၊ ဗဟိုကာဆိုင်ဒေသမှာ တွေ့ရှိခဲ့ရတာဖြစ်ကြောင်း ကွန်ဂိုအစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

ကာဆိုင်းဒေသမှာ ဒေသခံသူပုန်တွေက ပုန်ကန်ထကြွပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေခဲ့တာကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တဲ့ အဆိုပါပုဂ္ဂိုလ်နှစ်ဦးကို ပြီးခဲ့တဲ့ရက်သတ္တပတ် နှစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေကလည်း အဆိုပါဒေသမှာ ရဲအရာရှိ ၄၀ခန့်ကို ခေါင်းဖြတ်သတ် ထားတာကို တွေ့ရှိခဲ့ရပါတယ်။

ကွန်ဂိုအစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ လန်းဘတ်မန်းဒီက ပျောက်ဆုံးနေသူနှစ်ဦးရဲ့အလောင်းတွေကို တွင်းနက်ထဲမှာတွေ့ခဲ့ရပြီး အမျိုးသမီးကို ခေါင်း ဖြတ်ထားပြီး အမျိုးသားအလောင်းကတော့ ဒီအတိုင်းပဲလို့ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂရုံးချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က “ ကွန်ဂိုနိုင်ငံမှာ ပဋိပက္ခနဲ့ မလုံခြုံမှုရဲ့အကြောင်းရင်းတွေကို နားလည်ဖို့အတွက် မဖြစ်မနေကြိုးစားခဲ့ကြရင်း သူတို့အသက်တွေကိုဆုံးရှုံးခဲ့ကြရတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့အနေနဲ့ တရားမျှတမှုဖြစ်အောင် လုပ်နိုင်တာတွေ အကုန်လုံးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)