ကျောင်းမပြီးခင် ရေကူးတတ်ရမယ်လို့ တရုတ် တက္ကသိုလ်ပြောဆို

0
316

တရုတ်နိုင်ငံက ထင်ရှားကျော်ကြားတဲ့တက္ကသိုလ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ တီရှင်းဟွာတက္ကသိုလ်က ကျောင်းသားတွေကို ဘွဲ့မရခင်မှာ ရေကူးတတ် အောင် မဖြစ်မနေသင်ယူရမယ်လို့ ပြောဆိုလိုက်ပါတယ်။

အဆိုပါတက္ကသိုလ်ဟာ အရှေ့တိုင်းရဲ့ဟားဗတ်ကျောင်းတော်ကြီးလို့ ကျော်ကြားနေတဲ့တက္ကသိုလ် တစ်ခုဖြစ်ပြီး တိုင်းပြည်မှာ ဥာဏ်ရည်ထိပ်တန်းဖြစ်သူတွေအနေနဲ့ ရေကူးနိုင်စွမ်းရှိကြောင်းကိုလည်း သက်သေထူရမယ်လို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါသတင်းက တရုတ်လူမှုကွန်ယက်မှာ ပျံ့နှံသွားခဲ့ပါတယ်။ အချို့ကလည်း တိုင်းပြည်မှာ မိုးခေါင်ရေရှားဖြစ်နေတဲ့အခြေအနေမှာ အခုလိုသတ်မှတ်လိုက် တာဟာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့တက္ကသိုလ်ကတော့ ရေကူးစွမ်းရည်ဟာ အသက်ရှင်သန်ဖို့အတွက် အဓိကကျတဲ့ကျွမ်း ကျင်မှုတစ်မျိုးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တီရှင်းဟွာတက္ကသိုလ်ရဲ့ဥက္ကဋ္ဌကွီယောင်ကကိုယ်ကာယကြံ့ခိုင်မှုကိုလည်းတိုးတက်စေတာကြောင့်ကျောင်းသားအားလုံးအတွက်
မရှိမဖြစ်လေ့ကျင့်ခန်း အနေ နဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

တကယ်တော့ တီရှင်းဟွာတက္ကသိုလ်ဟာ ကျောင်းသားတွေအနေနဲ့ ရေကူးရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ၁၉၁၉ခုနှစ်ကတည်းက ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တက္ကသိုလ်ရဲ့ပေါ်ပြူလာဖြစ်မှုနဲ့ ဘေဂျင်းမှာ ရေကူးကန်ရှားပါးမှုတွေကြောင့် မဖြစ်မ နေသင်ယူရမယ်ဆိုတဲ့သတ်မှတ်ချက်ကို ပြင်ဆင်လျော့ချပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေငြာပေးခဲ့တဲ့ စည်းမျဉ်းကြောင့် စက်တင်ဘာလအတွင်းကျောင်းစတက်မယ့် ကျောင်းသားတွေအနေနဲ့ အနည်းဆုံးမီတာ ၅၀ အကွာအဝေးကို ကိုယ့်စိတ်ကြိုတ်ပုံစံနဲ့ ကူးခတ်ပြနိုင်ရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)