အိုဘားမားရဲ့ရာသီဥတုပြောင်းလဲခြင်း မူဝါဒကို ထရန့်ပြင်ဆင်

0
340

ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာမှုဝါဒအနေနဲ့ ယခင်သမ္မတအိုဘားမားချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို ဖယ်ရှားမယ့် အမှုဆောင်အမိန့်ကို အမေရိကန်သမ္မတဒေါ် နယ်လ်ထရန့်က လက်မှတ်ထိုးပေးလိုက်ပြီဖြစ်ပါတယ်။

အခုလိုလက်မှတ်ထိုးပေးလိုက်တာကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို လျော့ကျစေတဲ့ စည်းမျဉ်းတွေနဲ့ ကျောက်မီးသွေးအပေါ်စစ်ပွဲဆင်နွှဲနေတာတွေကို အဆုံးသတ်သွားစေမှာဖြစ်တယ်လို့လည်း ထရန့်က ဆိုပါတယ်။

အဆိုပါစွမ်းအင်လွတ်လပ်ခွင့်အမှုဆောာင်အမိန့်က ယခင်သမ္မတပြဌာန်းခဲ့တဲ့ ဒါဇင်ဝက်ကျော်ခန့်အမိန့်တွေကို ဆိုင်းငံ့စေမှာဖြစ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာကဏ္ဍကို မြင့်တက်လာစေမှာဖြစ်ပါတယ်။

စီးပွားရေးအုပ်စုတွေက ထရန့်ရဲ့လုပ်ဆောင်ချက်ကိုအားပေးချီးကျုးခဲ့ကြပါတယ်။ ဒါပေမဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအုပ်စုတွေက ထရန့်ကို ရှုတ်ချခဲ့ကြပါတယ်။

အိမ်ဖြူတော်အပြင်ဘက်မှာတော့ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက ထရန့်ရဲ့အမှုဆောင်အမိန့်ကိုဆန့်ကျင်ကြောင်းပြသဖို့ စုရုံးရောက်ရှိနေကြပါတယ်။

အိမ်ဖြူတော်အတွင်းမှာတော့ သမ္မတက အဆိုပါအမိန့်ကိုလက်မှတ်ထိုးနေချိန်မှာ ကျောက်မီးသွေးတွင်းတူးသူတွေက ၀ိုင်းရံနေကြပါတယ်။

“ ကျွန်တော်တို့အ အစိုးရက ကျောက်မီးသွေးအပေါ် စစ်ပွဲဆင်နွှဲနေတာကို အဆုံးသတ်လိုက်ပါပြီ၊ အမေရိကန်စွမ်းအင်ကဏ္ဍကို တင်းကြပ်ထားမှုတွေကို ဖြေလျော့ပေးလိုက်တဲ့ သမိုင်းဝင်အမှုဆောင်အမိန့်ပါပဲ၊ အစိုးရရဲ့စွက်ဖက်မှုကို လျော့ချလိုက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို လျော့နည်းစေတဲ့ စည်းမျဉ်းတွေကို ပယ်ဖျက် လိုက်တဲ့ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်” လို့ ထရန့်က ပြောကြားခဲ့ပါတယ်။

မဲဆွယ်စည်းရုံးရေးကာလတွင်းမှာ ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ သဘောတူခဲ့တဲ့ ပါရီရာသီဥတုဆိုင်ရာသဘောတူညီချက်ကနေထွက်မယ်လို့ ထရန့်က ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)